ယနေ့ ဆိုပါမူ ယခု ညနေရောက်ချိန်
လေးနာရီထိုးဖို့ ဆယ့်ငါးမိနစ် အလိုမှာ
လမ်းထိပ်မှာ စစ်ဆေးရေးအဖွဲ့များ ရှိသည်။
လမ်းထိပ် လမ်းမကြီးမှာ စစ်ဆေးတော့
ထုံးစံအတိုင်း ကျွန်တော်တို့လမ်းကြားသို့
ကားကြီး/ငယ်နှင့် ဆိုင်ကယ်များ ရောက်လာသည်။
လမ်းကြားက မြေလမ်းဆိုတော့ အဆိုပါ ယာဉ်
များ ဖြတ်သန်းသွားတိုင်း ဖုန်ထကျန်ခဲ့သည်။
ယာဉ်အနည်းငယ်ရှင်းချိန် လမ်းသို့ထွက်၍
ရေလောင်းလိုက်မိသည်။ ရေဖျန်းလောင်းပြီး
အိမ်ထဲဝင်သည်။ ထိုစဉ် ခဏမှာ
ဆိုင်ကယ်ပေါ်မှ အမျိုးသမီးတဦးက
ပြောသွားသည်။ သူမပြောသွားသည်က
"ဒီရပ်ကွက်နဲ့ ချမ်းသာတဲ့သူများပြီး
လမ်းကို ကောင်းကောင်းမခင်းကြဘူး။
တို့ရပ်ကွက်တွေ ဒီရပ်ကွက်လောက် မချမ်းသာပါဘူး။
တို့ရပ်ကွက်လမ်းတွေ ခင်းထားတာ
ဖြူးလို့ ဒီရပ်ကွက်နဲ့ တခြားစီ"
အွင့် နေရင်း ထိုင်းရင် အပြောအဆို ခံရသဟ။
ထိုသို့ အရှေ့လမ်းမကြီးမှ စစ်ဆေးနေ၍
လမ်းကြားသို့ ဝင်လာသော ယာဉ်များကို
အနောက်လမ်း မှလည်း ထပ်မံ စစ်ဆေးပြန်သည်။
ထိုကြောင့် တောင်မှ မြောက်သို့ သွားသော
ယာဉ်များအားလုံး အရှေ့လမ်းကြား၊ အနောက်
လမ်းကြားများသို့ ရှောင်တိမ်းမောင်းရန်
သို့မဟုတ် မြောက်သို့ ပြန်လှည့်မောင်းကြရန်
စေတနာရှင် အချို့က လမ်းမှာရပ်၍ ပြောပေး
ကြသည်။
ထိုသို့ သတိပေး အော်ပြောသူများရှိသည့်ကြားမှ
အချို့က သတိမမူပဲ မောင်းနှင်းသွားသည်။
ထိုအခါ သတိပေးပြောသူ စေတနာရှင်တို့က
"ဟယ် ဒီလောက်ပြောနေတဲ့ ကြားက
မောင်းသွားကြတယ် ဖမ်းခံထိတာ နည်းသကိုး"
ခံပြင်းစွာ ပြောကြလေသည်။ ဒီတော့
မန္တလေးမှာ ယာဉ်မောင်းတဲ့အခါ သူခိုး၊
လုယက်နှင့် စစ်ဆေးရေးအန္တရာယ်များ
ကင်းစေရန် လိုရာခရီးရောက်ရှိဖို့ သတိ၊ အသိ
လေးထား၍ မောင်းနိုင်ကြပါစေ။
@htwegyi
24-11-2022