SPT ရှာပုံတော် ဖွင့်ခြင်း

img_0.7621092795142147.jpg

BTC နှင့် အခြားတိုကင် ကွိုင်းတွေ ဈေးကျနေချိန်
ကျုပ်တို့ကောင် Hive က စိမ်းနေသဗျို့။
စာရေးပိုစ့်တင်ဖို့ အားရှိတာပ။ တနေ့က
Leodex က trader အကြောင်း ဆက်ကြအုံးစို့။
အမယ် လန့်သွားသလား။ မလန့်ပါနဲ့
မေးစရာ အကူအညီတောင်းစရာလေးရှိလို့ပါ။
ကျုပ်က trader ကြီးပဲဟာ အဲ့လောက်နဲ့
တော့ မမှုပါဘူးလို့ မပြောဘူးနော်။
နောက်မလုပ်တော့ဘူးလို့လဲ မ‌ပြောပါဘူး။

အခါအခွင့်သင့်ရင်တော့ လုပ်အုံးမှာ။
အရှုံးတော့ ဘယ်ပေးမလဲ။ လောင်းကစားသမား
ဆိုတာ ရှုံးလေး မဲလေးပဲဟာမို့။ ဒီတခါတော့
ဆရာပေါ့ နောက်တခါ ကျောင်းအုပ်
မဖြစ်စေရဘူး။ ဘယ်နဲ့ တခါလေး ဟွာပြုပါတယ်
တခါထဲကို ပြောမပြောချင်။ ရေးမရေးချင်။
မရေးလို့တော့ မရဘူး။ ရေးရအုံးမည်
ဒါမှ ကိုယ့်ရဲ့ပင်တိုင် hive များ ရပေမည်။

img_0.4911099036565956.jpg

Leodex အကြောင်း ဆက်ကြအုံးစို့။
ကျွန်တော်က 4 hive ဖြင့် SPT လဲခဲ့သည်။
ထိုသို့လဲရာတွင် SPT များက ကျွန်တော့်
Wallet အတွင်းသို့ ရောက်မလာခဲ့ပေ။
မည်သည့်အတွက်ကြောင့်ပါလဲ?။
ကျွန်တော့် Wallet မှာ SPT လက်ကျန်
မရှိလို့လား၊ မည်သည့်အတွက်ကြောင်လဲ
ဆိုတာ ကျေးဇူးပြု၍ ပြောပြပေးကြပါ။

အများတကာ SPT ဆို၍ ဝယ်ကြည့်မိသည်။
ကိုယ်က ဂိမ်းဆော့သူလည်းမဟုတ်ပါ။
ဒီအတိုင်းဝယ်ပြီး stake လုပ်၍
Delegate လုပ်ထားရန်ဖြစ်ပါသည်။
ယခုတော့ စ စခြင်း 4 hive ဖြင့် လဲခဲ့သည့်
SPT များက မည်သည့်နေရာတွင်
ရောက်နေသည်မသိပေ။
Leo တွေ hive နှင့်လဲ ရတဲ့ hive ကို
SPT နှင့် လဲသည့်အခါ ပျောက်ခြင်းမလှ
ပျောက်သွားရှာသော တိုကင်လေးများ
ဘယ်မှာ ရှာရပါ့။ အင်း ကံကောင်း
တော့ အလှူပေးလိုက်ရပြီးထင်ပ။

@htwegyi
26-10-2021

H2
H3
H4
3 columns
2 columns
1 column
14 Comments