ဆိုင်ကယ် ခရေစီ။

img_0.7621092795142147.jpg

ကိုယ်တွေက ဆိုင်ကယ် ခရေစီ။ ဆိုင်ကယ်
စီးတတ်လားဆိုတော့ အဟီး။
ဆိုင်ကယ်ကို ကျွမ်းကျင်စွာ မစီးတတ်ဖူးရယ်။
သို့ပေသိ ဆိုင်ကယ်လှလှကြီးများ မြင်တိုင်
ငေးမိသည်။ လှည်ပြန်ကြည့်မိသည်။
ဇော်ဝင်းထွဋ် တို့ခေတ်က ဟာလီပုံစံ
ဆိုင်ကယ်ကြီးများ စီးပြီး ပိုစ့်ပေး ဂိုက်ပေး
ကြရင်ဖြင့် လွတ်သဘောကျသည်။

ဆိုင်ကယ်အကြောင်း နားလည်လား
ဆိုတော့လည်း စူပါကပ်၊ ဒီတီ၊ ဝမ်းတူးဖိုက်နှင့်
ဟာလီဒဗစ်ဆင် စသဖြင့် ဖော်ပြပါ ဆိုင်ကယ်
များသာ ကြားဖူး၊ မြင်ဖူးသည်ရှိသည်။
ထိုဖော်ပြပါ ဆိုင်ကယ်များအနက်
ဟာလီကဲ့သို့ ဆိုင်ကယ်ကြီးများကို
ပိုသဘောကျမိသည်။

ယနေ့ ခရီးမှ ပြန်လာပြီး နေမကောင်း
ဖြစ်နေသည့် @nweoomon တို့အိမ်
သွားရင်း သူမတို့ ဘေးမှ ဆိုင်ကယ်ရောင်း
သည့်အိမ်ကို ငေးမိသည်။ ပုံပါ ကာဝါဆာကီ
ဘီးကြီးအား သဘောကျ၍ ဖုန်းဖြင့်
ဓာတ်ဖမ်းခဲ့သည်။

ကိုယ်တွေ သိသလောက် ထိုဘီးကြီးများက
ရှိုးထုတ်၍ ကောင်းသည်။ အမြန်စီး၍
မကောင်းဟုသိရသည်။ အမြန်စီးပါက
ဒီတီနှင့် ဒိုဟုခေါ်သည့် ဆိုင်ကယ်များက
ပြေးသည်ဟု သိရပြန်သည်။

ဖော်ပြပါ ဟာလီကဲ့သို့ ဆိုင်ကယ်ကြီးများကတော့
ဆိုက်နှင့် ဂိုက်နှင့် ရှိုးပြ၍ အင်မတန်ကောင်း
ပေသည်။ ငယ်စဉ်က မန်းတက္ကသိုလ်ညနေ
ကျောင်းတက်စဉ် မြင်ခဲ့သည့် မြင်ကွင်းတခု
ကို ယခုထိမှတ်မိနေသေးသည်။ ထို ဟာလီဟု
ခေါ်သည့် ဆိုင်ကယ်ကြီးပေါ်တွင် အသက်ကြီး
ဘဲကြီးနှင့် ကောင်မလေးတဦးစီးသည်ကို
မြင်ရသည်။ ဘဲကြီးကလည်း အလန်း၊
ကောင်မလေးကလည်း အလန်း၊ ကျောင်းထဲ
လာပြီး ရှိုးလာပြကြသည်။

အဲ့ဒါများဆန်းသလားဗျာ။ ဆန်းတယ်
ထူးတယ်ဗျ။ သူရို့ကို လူတွေစိတ်ဝင်စားအောင်
တမင် ထွင်လာသလားမသိပေါင်။ ဘဲကြီးက
ဂတုံးကြီးနဲ့ အဲ့ ဂတုံးကို နောက်က
ကောင်မလေးက ဆိုင်ကယ်ခွထိုင်စီးရင်း ပွတ်ပြီး၊
အဲ နောက်ကထိုင်ရင်း လက်နဲ့ ဂတုံးကို ပွတ်ပြီး
စီးလာတာဗျ 😁။

@htwegyi
20-11-2022

H2
H3
H4
3 columns
2 columns
1 column
16 Comments