အတော်ဆိုးတဲ့ ငပိုင်

image

လမ်းတို့က တိတ်ဆိတ်လှသည်။
ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့ဖြင့်
ဈေးရောင်းသူတို့သာ ဝမ်းတထွာအတွက်
လှုပ်ရှားနေကြသည်။ သူရို့မရှိပါက
လမ်းမများက အင်မတန်တိတ်ဆိတ်
သွားပေမည်။

ခုလို အခါမျိုးမှာ လမ်းမထက်မှ
ငိုယိုသံကို ကြားရသည်။
စကားတိုးတိုးတမျိုး၊ အနည်းငယ်
တခါတရံကျယ်လာသည့်အသံ
အချို့ကိုလည်းကြားရသည်။

ထိုအသံများကို နားစွင့်နေစဉ်
အိမ်ရှေ့ အပင်အောက်သို့ လူနှစ်ယောက်
ရောက်လာသည်။

"နောက်ဒီလိုမဖြစ်ရပါဘူး"

"စိတ်တိုတယ် သိလား"

"ကဲပါကွာ စိတ်မကောက်နဲ့တော့
ဟုတ်ပြီလား"

အဆိုပါအသံများကို ကြား၍သိချင်စိတ်ကြောင့်
အိမ်ရှေ့ ခြံစည်းရိုးရှိ ပန်းပင်များကြားမှ
ချောင်ကြည့်မိသည်။ ကောင်လေးနှင့်
ကောင်မလေး စိတ်ကောက်နေကြခြင်း
ဖြစ်သည်။

ကျွန်မ ကြည့်နေစဉ် ကျွန်မအမကလည်း
အိမ်ထဲမှ ထွက်လာသည်။

"ဟဲ့ ဘာကြည့်နေတာလဲ၊ စောစောက
ငိုသံလိုလို ကြားလိုက်ပါတယ်"

အမက ပြောပြောဆိုဆို အိမ်ရှေ့သို့
လှမ်းကြည့်သည်။ ထိုသို့ သူမတို့နှစ်ဦး
ကြည့်နေစဉ်မှာပင် 6နှစ်အရွယ်
မြေးဖြစ်သူက အော်ပြောလိုက်သည်မှာ။

FB_IMG_1542776709411.jpg

"ဟာ ဘွားဘွားတို့ကလည်း
ဒီအတိုင်ကြီး မကြည့်နဲ့လေ
တံမြက်စီးလေး ကိုင်ပြီး
လှည်းသလိုလိုလုပ်ပြီး ကြည့်ကြပါလား"

မြေးဖြစ်သူ၏ ပြောသံကြောင့်
ညီအမနှစ်ဦး ခေါင်းပုကာ အိမ်အတွင်း
အသာလေးဝင်လာကြတော့သည်။
"အတော်ဆိုးတဲ့ ငပိုင်" ဟု
နှစ်ဦးသာ စိတ်မှာ မြည်တွန်မိကြသည်။

@htwegyi
2-8-21

H2
H3
H4
3 columns
2 columns
1 column
9 Comments
Ecency