လူစိတ် တိရစ္ဆာန်စိတ်

img_0.7621092795142147.jpg

"အံမယ်လေး မိပိန်က ကိုယ်တွေထက်
ပိုမိုက်နေတယ်"

တနေ့က အသိအိမ် အလည်သွားသည်။
ထိုအိမ်မှာ ကလေးမွေးထားသည့် မီးနေသည်
ရှိသည်။ ထိုအိမ်၏ အရှေ့ဖက် မျက်နှာချင်းဆိုင်ရှိ
အိမ်တွင်လည်း မိပိန်ဟု ခေါ်သည့် ခွေးမတကောင်
ရှိသည်။ ထို မိပိန်က ဗိုက်ကြီးနဲ့ဖြစ်သည်။
တနေ့ မိပိန် က ဗိုက်နာ၍ ကလေးမွေချင်သည်
ထင်ပါသည်။ တအီးအီးနှင့် အော်သည်။

မိပိန်က လမ်းဘေးခွေးမတကောင်ဖြစ်သည်။
ထိုအိမ်က မိပိန်ကို သနား၍ မွေးထားဟည်။
ယခု မိပိန် ကလေး မမွေးနိုင်ဖြစ်နေသည့်အခါ
မိပိန်ကို မ ၍ တိရစ္ဆာန်ဆရာဝန်ထံသွားပြသည်။
ဆရာဝန်က ခွဲစိတ်ပြီး မွေးပေးသည်။
ခွေးလေးခြောက်ကောင်မွေးသည်။ ပထမ
နှစ်ကောင်က အသေလေးတွေဖြစ်သည်။
နောက်လေးကောင်ကို ဆက်လက်မွေး
ပါသော်လည်း ခွေးလေးခြောက်ကောင်လုံး
အသေလေးတွေသာ မွေးသည်။

img_0.4400668626794305.jpg

‌ခွေးမီးနေသည် မိပိန်အား ထိုအိမ်မှ သနား၍
ညအခါ ခြင်ထောင်၊ စောင်ဖြင့် အိပ်စေသည်။
တရက်တခါ ဘရင်း ကြက်ပေါင်း တပုလင်း
ဝယ်တိုက်သည်။ ထိုအရာကို မြင်သော
လူမီးနေသည်က အထက်ပါ စကားကို
ဆိုခြင်းဖြစ်ပေသည်။

တခါတလေ လူ့ဘဝနဲ့ တိရစ္ဆာန်ဘဝကို
လူတွေက နှိုင်းယှဉ်ပြောကြတယ်။
လူ့ဘဝနဲ့ တိရစ္ဆာန်ဘဝက ကွာခြားတယ်
ဆိုတာ လူတိုင်းသိကြသည်။ သို့သော်
လူဆိုသည်က အသိဉာဏ်လေးပိုရှိသည်။
အဲ့ အသိဉာဏ်လေးကိုပင် တခါတရံ
သုံးစားမရအောင်လုပ်၍ တိရစ္ဆာန်နဲ့ မခြား
ပြုမူတတ်ကြသည်။ လူသည် တခါတရံ
တိရစ္ဆာန်စိတ်ဖြစ်တတ်သည်။ လူဟာ
လူစိတ်ဖြစ်သူ များပါရင် လောကကြီးက သာယာ
အေးချမ်းမည်။ လူဟာ တိရစ္ဆာန်စိတ်ဖြစ်သူ
များပါရင် လောကကြီးက သာယာမှု ကင်းမဲ့
နေပေတော့မည်။

@htwegyi
15-5-2022

H2
H3
H4
3 columns
2 columns
1 column
10 Comments