ကံ့ကော် သို့ တဖန်။

img_0.7621092795142147.jpg

ယနေ့ တီဗီမကြည့်၊ Facebook လည်း
မကြည့် ဆိုပေသိ အကြည့်လျှော့သည်ဟု
ပြောရမည်။ အဆိုပါ အရာများကို လျှော့ကြည့်
၍ စာအုပ်ဖတ်ခဲ့သည်။ အက်လယ် စာဖတ်
သည်ပေါ့။ လူငယ် အချစ်သီးသန့် စာအုပ်
ဖြစ်သည်။ ငင့် ဒီအရွယ်ရောက်နေပြီ
ဒီစာတွေဖတ်သေးသပေါ့။ ဖတ်ပါသည်
ကိုယ်တွေငယ်စဉ်က ကြိုက်နှစ်သက်ခဲ့သည့်
စာရေးဆရာဖြစ်သည်။

ယခုအခါ ဖတ်သည်နှင့်ဆိုပါမူ သုံးကြိမ်
ရှိပြီဖြစ်မည်။ ဖတ်တိုင်း ကြိုက်ပါသည်။
ခံစားချက်ကတော့ ငယ်စဉ်ကလောက်တော့
မဟုတ်ပေသိ ခံစား၍ ရသေးသည်။
အချစ်ဆိုသည်က ပုံသဏ္ဍန်အမျိုးမျိုး
ဖြစ်ပေမည်။ ခံစားချက် အမျိုးမျိုးဖြစ်ပေမည်။
ဟယ် ခေတ်ပျက်ကြီးထဲ ခံစားချက်တွေ၊
အချစ်တွေ လုပ်နေတယ်ပ။

ဘဝက ခြောက်သွေ့ အထီးကျန်သည်
ဆိုပါမူ မည်သို့မျှမကောင်း။ ခြောက်သွေ့မှုကို
စိုပြေအောင်၊ အထီးမကျန်အောင် နေပါမှ
ဘဝက နေထိုင်ရ အဆင်ပြေမည်။ နို့မို့
သစ်တပင်အောက်၊ ဝါးတပင်အောက်သွား၍
နေထိုင်နိုင်သူ ဆိုပါမှမူ မပြောတတ်ပါ။

ယခုတော့ သံသရာတဖက်ကမ်း မလှမ်းနိုင်တော့
သံသရာကြောမှာ မျောလိုက်အုံးမည်။
ဟံမယ်မင်း စာအုပ်ဖတ်တာကို ပုံကြီးချဲ့ထာ။
လိုရင်းမရောက်ဖူး။ ကဲ ဖတ်တဲ့ အနှီးစာအုပ်
လူငယ်အချစ်စာအုပ်ကြီးက ဘာတဲ့တုံး။
အမည်သညာက ကံ့ကော်နီ
ရေးတာက ဆရာမင်းလူ
ငယ်စဉ် လူငယ်ဘဝ အချစ်ရသ ရွရွလေးကို
ဖတ်ပြီးသကာလ ငယ်မူပြန်ရတာပ။

@htwegyi
23-11-2022

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency