This content was deleted by the author. You can see it from Blockchain History logs.

Delegation and I.

Cryptocurrency လောက က ကျွန်တော်အတွက်
ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးနဲ့တူလှသည်။
ဘယ်သို့ ကြည့်ကြည့် အသစ်အဆန်းများဖြစ်သည်။
အပြောကျယ်လှသော Crypto သမုဒ္ဒရာကြီးကို
မမောတမ်းကူးခတ်နေကြသူများကို ကြည့်၍
အားကျမိသည်။

သို့နှင့် ကျွန်တော်လည်း Crypto သမုဒ္ဒရာကြီး
မှာ ကူးခတ်ချင်စိတ်ဖြစ်မိသည်။ သို့ပေသိ
ကျွန်တော်က ရေမကူးတတ်ပါ။ ကမ်းစပ်မှ
နေ၍ အများတကာ ပျော်ပါးနေတာကြည့်ကာ
ရေထဲ ခြေထောက်လေးချကြည့်လိုက်။
ရေထဲ လက်ကလေးနှိုက်ကြည့်လိုက်ဖြင့်
မထိ တထိ ကလိမိနေသည်။

မည်သို့ပင် ဆိုစေမူ ထိုသို့ ပြုမူနေသည်ကပင်
ကျွန်တော့်အတွက် ပျော်စရာကောင်းနေပေသည်။
ကမ်းစပ်ကို ရောက်လာသော လှိုင်းကလေးများကို
ဆော့ခြင်း၊ ခရုကလေးများကို ကောက်ရခြင်းသည်မှာလည်း
ပျော်စရာပင်။ ကမ်းခြေမှာ လမ်းလျှောက်
ရသည်ကလည်း စိတ်ကြည်နူးစရာ ကောင်းသည်။

အံမယ်မင်း ရေးရင်းနဲ့ စစ်တွေ၊ သံတွဲ ငပလီကို
ရောက်သွားနေသလိုလို။ ကမ်းခြေမှာ လမ်းလျှောက်
ရင်း မိတ်ဆွေများကိုလည်း တွေ့ရသည်။ ထို
မိတ်ဆွေများကိုလည်း အကူအညီတောင်းရသည်။
သူရို့ခမျများလည်း တတ်နိုင်သလောက် ကိုယ်တွေကို
ကူညီပေးကြသည်။

ဟော့ ယခုလည်း အကူအညီတောင်းအုံးမယ်ဗျို့။
ဟ မ လေး ကိုယ်တွေ အကူအညီတောင်းမယ်ဆို
လို့ လန့်သွားရှာကြပေမည်။ မှန်ပါသည်။ ကျွန်တော်
က အခါအားလျှော်စွာ အမြဲလို အကူအညီတောင်း
နေတတ်သူဖြစ်သည်။ Crypto မှာ ခက်ခဲတိုင်း၊
ပြဿနာတက်တိုင်း မိတ်ဆွေများထံ အကူအညီ
တောင်းပါသည်။ သူရို့ကလည်း ကူညီကြပါသည်။

အဲ ဒီတခါလည်း ကူညီပေးကြ၊ ပြောကြားပေးကြ။
မန့်ပေးကြပါအုံးဗျို့။ ဒီလိုဗျာ ကျွန်တော်တို့ရဲ့
Hive မှာ Delegation ဆိုသဟာ ရှိသဗျာ။
အဲ့ Delegation မှာ ကိုယ်တွေရဲ့ HP Hive
Power များကို အခြားသူထံပေးပို့ကာ
Delegation ပြုလုပ်ကြသည်။ ကျွန်တော်ရဲ့
Delegation များက Ecency and
Steembasicincome နှစ်ခုကို ပြုလုပ်ထား
သည်။

ထိုနှစ်ခုအနက် Ecency က ကျွန်တော့်ထံသို့
တနေ့တခါ Hive အနည်းငယ်ပေးပို့ပါသည်။
Hive အနည်းငယ်ဆိုသည်မှာ ကျွန်တော်သူ့ထံ
ပို့ထားသော HP အနည်းအများပေါ်မူတည်၍
ပေးပို့ခြင်းဖြစ်သည်။ နောက်တခု
Steembasicincome သည်က ကျွန်တော်ရဲ့
ပိုစ့်များကို လာရောက်၍ vote ပေးခြင်းခံရပါသည်။
သူ့ထံသို့လည်း ရံဖန်ရံခါ 1Hive ပို့ကာ
Memo ၌ ကိုယ့်ရဲ့ Hive မိတ်ဆွေတဦး၏
အကောင့်အမည်ကို ရေးပေးရပါသည်။

သို့မှာသာ ကျွန်တော်ရော ထို မီမိုမှမိတ်ဆွေ
နှစ်ဦးစလုံးသည် Steembasicincome
ထံမှ vote ပေးခြင်းကို ရရှိကြပါမည်။
ဒီအကြောင်းအရာကလည်း @donjaun
က ရေးသားထား၍ သိရခြင်းဖြစ်ပေသည်။
ကျန်သော၊ အခြားသော ကျွန်တော်မသိသေး
သည့် Delegation များရှိပါသေးရင်း
လမ်းညွှန်းပေးကြပါ။ လင့်ရှိပါက ထိုလင့်ကို
ချပေးကြပါရန် ဆရာသမားများကို အကူအညီ
ထပ်မံတောင်းလိုက်ရပြန်ပါသည်။

@htwegyi
October 3, 2024