Cleaning mission ဆိုပါသဖြင့်
Cleaning in 29 November 2021 CLEANPLANET .
မင်္ဂလာပါ @cleanplanet
ကမ္ဘာကြီး သန့်ရှင်းဖို့ ကိုယ့်ပတ်ဝန်ကျင်
သန့်ရှင်းစို့။ ကမ္ဘာမြေကြီးထံမှ ရသလောက်
နှိုက်ထုတ်ယူကြသည်။ ကမ္ဘာကြီး ကို ပြန်ပေးတာက
အမှိုက်တွေဖြစ်နေသည်။ ကမ္ဘာကြီး သာ
လူသားဆိုပါရင် အားကြီး စိတ်ဆိုးပေမည်။
ရေမြေတောတောင် လှပသည့် သဘာဝ
တရားကြီး ကို ပေးထားသည့် ကမ္ဘာကြီး ကို
ကျွန်တော်တို့ သူစိတ်မဆိုးအောင် ဂရုစိုက်ရ
ပေမည်။
ယနေ့ ပတ်ဝန်ကျင် သန့်ရှင်းရေးအတွက်
ခြံအနီးဝန်းကျင် အမှိုက်များကို လိုက်လံ
သိမ်းဆည်းကောက်ယူသည်။ ကိုယ့်က
အမှိုက်ကောက်သည်ဆိုပါမှ အိမ်က
ညီမ အငယ်က အကိုစနေသား၏
ယမကာပုလင်းများကို လွင့်မပစ်ပဲ
သိမ်းထားသည်။ အရက်ပုလင်းများအပြင်
ရေသန့်ဗူးနှင့် အခြားတိုလီမိုလီ များကိုလည်း
စုထားသည်။
"အေး အငယ်မ ညည်းဒီဟာတွေက ဘာလုပ်ဖို့လဲ
ရောင်းလဲ ဘာမှ မရဘူး၊ သိမ်းထားတာ
အိမ်တောင်ရှုပ်သေး"
ပြောလို့ မဆုံးသေး ပုလင်းခွံ၊ အိတ်ခွံ၊ ဗူးခွံ
ဝယ်သည့်အသံကြား၍ အငယ်မက လှမ်းခေါ်သည်။
" ဒီဟာတွေ ဘယ်လောက်ရမလဲ"
အိတ်ခွံသည်က အငယ်မ ဗူးပုလင်းများကို
ရေတွက်ရင်း
"တစ်ရာ ရမယ် အမ"
"ဟင်း တော်ပြီအေ တစ်ရာတော့ မရောင်း
သေးဘူး"
ဈေးသည်ပြန်သွားတော့ မနေနိုင်သူ ကျွန်တော်က
ပြောမိသည်။
"ညည်း ငွေတစ်ရာ ရဖို့ အိမ်ထဲ အမှိုက်ရှုပ်တယ်၊
ပြီးတော့ အပြင်က ဈေးသည်အိမ်ထဲဝင်လာတော့
ရောဂါပိုးတွေလည်း သယ်လာနိုင်တယ်၊
နောက်မစုပါနဲ့အေ အမှိုက်ပုံးထဲ ပစ်လိုက်ပါ"
"အို ဈေးသည်နဲ့ ငါက အဝေးကြီး စကား
ပြောတာ။ ဘာရောဂါမှ မကူးဘူး၊ ငါက
ဘုရား တရားနဲ့နေတာ။ ဘုရားတရား
မကိုးကွယ်သူတွေသာ ရောဂါဖြစ်တာ။
အကို ဆို ကြည့်ပါလား အရက်ဆိုင်သွားနေတာ
သူ့ဆို ရောဂါပိုပြီး ကူးမှာ သူ့ကြ မပြောဘူး၊
ငါ့ကြ ပြောတယ်"
အွန့် ကျွန်တော့်မှာ ပြောစရာ စကား
မရှိသကဲ့သို့ ဖြစ်ရပါသည်။ စိတ်မကောင်းစွာနဲ့
အိမ်ခြံအပြင်သို့ ထွက်ခဲ့သည်။ ကလေးငယ်တစ်ဦး
စွန်လွှတ်နေသည်။ မနေတတ် မထိုင်တတ်သော
ကျွန်တော်က
"ဖိုးသား မင်းစွန်လွှတ်တာ စက္ကူစွန် ကြိုက်လား၊
ပလပ်စတစ်စွန်ကြိုက်လား"
"ဟွာ ပလပ်စတစ်စွန်ပဲ ကြိုက်တာ၊
သူက ရေစိုရင် မပြဲဘူး၊ စက္ကူစွန်က
ရေစိုရင်ပြဲလို့"
"အော် ဟ ဟိုမှာ စက္ကူစွန် အပြဲလေး
ဖာပြီး ပြန်လွှတ်ရင်ရတယ်ကွ"
"ဟာ နေပါစေဗျာ အလုပ်ရှုပ်ပါတယ်
စွန်တခုမှ တစ်ရာပဲဟာ ဝယ်လိုက်တာ
ကောင်းပါတယ်"
အွန့် ကျုပ်တို့ ငယ်တုန်းကများ ယခုလို
စွန်ကိုင်းအပြဲလေးကို ဖာပြီး တဖက်မှာ
စက္ကူစ မဲလေး တပ်ပြီး ပြန်လွှတ်ခဲ့ကြတာ။
ယခုခေတ်ကလေးတွေ ဘောစိတွေပ။
စွန်စုတ်လေးကောက်ပြီး အမှိုက်ပုံထဲ
အသာထည့်ခဲ့ရပါတော့သည်။
@htwegyi
29-11-2021