ကျူး အကြောင်းဆက်ရေးရပါအုံးမည်။
တနေ့က ဈေးအနီး တာဝါတိုင်အောက် ကျူး
များရှင်းသည်။ ထိုကျူးများက အိမ်ကြီး
အိမ်ကောင်း တိုက်များပါဝင်သည်။
ယခုထိ ဖျက်၍ မပြီးသေးပေ။ ထိုကျူး
များ ဖျက်၍ မပြီးသေးခင် ကျွန်တော်တို့
အနီးရှိ ကျူးများကိုလည်း နောက်တခါ
လာရောက်ဖျက်ပြန်သည်။
ကျွန်တော်တို့အနီး ဆိုပေသိ အနည်းငယ်
ဝေးသည်။ တပြ နှစ်ပြခန့်ဝေးသည်။
ထိုကျူးများကလည်း တာဝါတိုင်အောက်
ကျူးများနှင့် လမ်းဘေး ကျူးများဖြစ်သည်။
တလောက ထိုကျူးများဖျက်သွားသည်။
သို့ပေသိ လအနည်းငယ်ကြာတော့ ကျူး
တို့က မေ့လောက်ပြီး အထင်ဖြင့် တဖန်
ပြန်ဆောက်လာကြသည်။
တဦးဆောက် နောက်တဦးဆောက်ဖြင့်
ကျူးတဲများက အလျှိုလျှို ပြန်ပေါ်လာသည်။
ရပ်ကွက်လူများကတောင် ပြောဆိုနေကြသေး
သည်။ သူတို့က ရှေ့ကဖျက်၊ နောက်က
ပြန်ဆောက်ဖြင့် ကစားပွဲကြီးဖြစ်နေသည်ဟု။
မှန်ပါသည်။ တောင်ကဖျက် မြောက်ပြောင်း
နေသည်။ မြောက်ကဖျက် တောင်ပြောင်း
ကြသည်။
ယနေ့တော့ အဆိုပါဖျက်ခံရသည့် ကျူးများကို
ပြောသံကြားရသည်။ နောက်တခါ ထပ်ဆောက်ပါက
သေနတ်ဖြင့် ပစ်မည်ဟု ပြောသွားသည်။
နေစရာမရှိ ခေတ်ပျက်ကြီးမှာ သူရို့ဘဝများ
ကမ္ဘာပျက်ပေမည်။ လူအမျိုးမျိုး စိတ်အမျိုးမျိုး
ဖြစ်သည်။ ရိုးသားစွာ ရှာဖွေလုပ်ကိုင်နေထိုင်
သူတို့အတွက် စိတ်မကောင်းပါ။
ကျူးဖျက်သည့်နေရာသို့ စုံစမ်းထောက်လှမ်း
သွားအုံးမည်ဟု အမ စနေကပြောသည်။
စုံစမ်းတာ ဟုတ်ပါပြီး အချောင်ပစ်ခံ နေရ
အုံးမည် သတိထားသွားဟုပြောရသည်။
စက်ဘီးစီး၍ ထွက်သွားသည့် အမသည်
ခဏအကြာ ပြန်ရောက်လာသည်။ လမ်း
ဘေးတဖက်တချက် သေနတ်ကြီးတွေနဲ့
ချိန်ထားလို့ အမြန်စီးပြန်ခဲ့ရတယ် ဟု
ပြောသည်။ အထုပ်လေးတွေ လမ်းဘေး
ချထားကြတာ သနားစရာ ကောင်းသည်
ဟုလည်း ပြောပြန်သည်။ ဘဝခါးခါးတွေ
ဘယ်အချိန်ထိ ခါးနေကြရအုံးမည်ပ။
@htwegyi
22-11-2022