ယနေ့တော့ Trade တွေ Token တွေ
Coin တွေအကြောင်းမရေးတော့ဘူး။
အံမယ် ပျော်သွားတယ်မို့လား။
မညာချင်ပါနဲ့။ အဲ့ ဘဲကြီးရေးတဲ့ crypto
အကြောင်းဖတ်ရရင် ဘာတွေမှန်းမသိဘူး။
သူလည်းမသိ ငါလဲမသိ မသိတာချင်းအတူတူ
မသိတာတွေ ရေးတင်နေတယ်။
ခုတော့ မသိတာတွေ ရေးတာ မရေးတော့ဘူး
ဆိုတော့ ပျော်သွားသပ။ အင်း ဘာရေးတင်မလဲ
ဆိုတာ စိတ်ဝင်စားနေတယ်မို့လား။
အဲ့လို စိတ်ဝင်စားအောင် ဘာရေးတင်ရပါ့။
ဒီလိုဗျာ ကိုယ်လည်း ချက်တော့ မချက်တတ်ပါဘူး။
ချက်တာတဲ့ ဘာချက်တာလဲ။
ကောင်မလေးတွေနဲ့ အီစီကလီ လုပ်တာကို
ပြောတာလား နိုး လုံးဝ မဟုတ်ဘူး။
မှားသွားမှာပေါ့။
ချက်တာက ဟွာလေ ဟင်းချက်တာကို
ပြောတာဗျာ သိပြီးလား ။ ကိုယ် မချက်တတ်
ပေသိ ချက်တတ်တဲ့ အမ နားကပ်ပြီး
ပိုစ့်တခုရအောင် ကြံရ ဖန်ရပါတော့သည်။
ဘာဟင်းလဲဆိုတော့ စောင်းလျားသီးနဲ့
ငါးအုံတုံ ချက်တာ အင်း ချက်တာမဟုတ်ဘူး
ဆောရီး ပေါင်းတာတဲ့။
ပထမဦးစွာ ငါးအုံတုံ အတုံးများကို
ဆား၊ ဆနွင်း အချို့မှုန့်များနှင့် နယ်ပြီး
နှပ်ထားသည်။ ဂျင်း၊ ကြက်သွန်ဖြူများကို
ဆီသပ်ပြီး နှပ်ထားသည့် ငါးတုံးများကို
ထည့်ကာချက်ပြီး ဆယ်ယူထားလိုက်သည်။
ထိုနောက် စောင်းလျားသီးများကို အကွင်းလေး
များလှီးပြီး ဒယ်အိုးအောက်ခြေမှာခံ
ထားသည်။ ထို စောင်းလျားသီးများပေါ်မှ
ငါးဆီသပ်ထားသည့်များ တင်ကာ ငါးပေါင်း
လုပ်ထားခြင်းဖြစ်သည်။
ငါးပေါင်းက စားကောင်းသည်။
အချဉ်ဓာတ်လေး အနည်းငယ်သာပါသည်။
စားရသည့်အရသာက နူးညံ၍ ငါးအသားက
ကျစ်ထုပ်လေးနဲ့ကောင်းမွန်သည်။
အဲ အဲ့တာ ကျွန်တော့်အမ ချက်တဲ့
ငါးအုံတုံ ငါးပေါင်းဟင်းလေးပေါ့နော်။
@htwegyi
27-10-2021