Hive ဈေးလေးတက်တော့ ရောင်းရမလို၊
မရောင်းရမလို လို လို တွေဖြစ်နေသည်။
ကိုဟင်က ပါဝါဒေါင်းပြီး ရောင်းချင်သပ
ဆိုလည်းရောင်းပါဟု မနေ့က ပိုစ့်မှာ
ရေးတင်ထားသည်။ Hive 100 ကို
ယခုအချိန်ရောင်းပါ လျှင် မြန်မာငွေ
လေးသိန်းရပေမည်။ ကိုယ်တွေအတွက်
နည်းသည့်ငွေမဟုတ်ပါ။
သို့နှင့် ရောင်းဖို့ စိတ်ကူးမိသည်။ Hive
ပါဝါဒေါင်းပြီး ရောင်းဖို့တော့ စိတ်ကူးမရှိပါဘူး။
ကိုယ်ဆီမှာရှိသည့် အစွန်းထွက် Hive
ကလေး နည်းနည်းကို ရောင်းဖို့စိတ်ကူးသည်။
Hive 28 နှင့် HBD 16 ကို ရောင်းထုတ်ရန်
စိတ်ကူးသည်။ 28 ရယ် 16 ရယ်ပေါင်း
44 ကိုရောင်းပါက ငွေလေးထောင်ဆိုပါလျှင်
176000ကျပ်ရပေမည်။ ဆန်၊ ဆီ လေး
ဝယ်လိုက်ပါရင် မဆိုပေးဘူး။
သို့သော် အမှန်တကယ်ရောင်းရမည်ဆိုတော့
ရောင်းဈေးက ငွေလေးထောင်မရပေ။
ကိုယ်က Hive 30 ခန့် ရောင်းမည်စိတ်ကူး
ထားသည်။ ရောင်းမည့်စိတ်ကူးက
မည်သို့ ဖြစ်သွားသည် မသိ၊ ရောင်းရန်
အတွက် နှမြောမိသည်။ ကိုယ်ရောင်းဖို့
မှန်းထားသည့် လေးထောင်ဈေးမရသည့်
အပြင် ကိုဟင်က လာမည့် 2022ခုနှစ်တွင်
Hive က ဆက်လက်တက်ဖို့ အခြေအနေ
ရှိသည်တဲ့။ Hive က $8 သို့ ဆက်လက်
ချီတက်မည်ဟုလည်း သိရသည်။
ဆိုတော့ ရှိသည့် HBD 16 ကို 7 ကို Hive
သို့ ပြောင်းပြီး ကျန် 9 ကို HBD Saving
လုပ်လိုက်သည်။ ရောင်းချင်သည့် အချိန်မှ
ရောင်းတော့မည်။ ယခုတော့ ရောင်းဖို့
စိတ်ကူး မရှိတော့ပေ။ ထို မရောင်းသည့်
Hive 30 ကို ကံစမ်းမဲ ထားလိုက်သည်။
Steemit တုန်းက steem 400 ကို
မြန်မာငွေ 280ကျပ်ဖြင့်ရောင်းခဲ့သည်။
ယခုနေ ထို steem 400 ကို Hive သို့
ပြောင်းထားပြီး ရောင်းပါလျှင် တွက်သာ
ကြည့်ပါလေ ကွာခြားချက်က။
Hive 30 ကို လာမည့် 2022ခုနှစ်တွင်
ရောင်းချပါက မြန်မာငွေများ တိုးလာမလား၊
လျော့သွား မလားဆိုတာ ရင်ခုန်စွာ
စောင့်မျော်ကြည့်ချင်ပါသေးသည်။
ဘာတွေဖြစ်လာမလဲဆိုတာ
2022 မှာ စောင့်ကြည့်ကြမယ်လား။
@htwegyi
27-11-2021