ရိတ်သိမ်းချိန်တန်ရင်လေ

မင်္ဂလာပါ။
ယခုချိန်ခါ ရာသီကတော့ ကောက်ရိတ်သိမ်းချိန် ဟု ပြောရမလား။
ကျွန်တော် နေထိုင်ရာ ဒေသမှာ စပါးတော့ မရိတ်သိမ်းရသေးပါဘူး။
သို့ပေမယ့် မိုး မြေပဲ တော့ ရိတ်သိမ်းရပါပြီ။

မြေပဲ ဆိုတော့ ရိတ်သိမ်းဆိုတဲ့ စကားထက် နှုတ်တယ်၊ဆွတ်တယ်ပဲ ပြောကြပါတယ်။
ယာကွင်းထဲ မြေပဲနှုတ် သွားကြတယ်။
ပြီးတော့ မြေပဲ ဆွတ်ကြတာပေါ့။

မြေပဲ ဆိုတာက အပင်အကိုင်းကြားမှာ အပွင့်ပွင့်ပြီး မြေကြီးထဲမှာ အသီးသီးတာပါ။
မြေကြီးထဲ သီးတာဆိုတော့ မြေပဲ ဥတယ်ပဲ ပြောကြပါတယ်။

ဒီရက်ပတ် ရွာမှာ မြေပဲနှုတ်၊ မြေပဲဆွတ်နဲ့ ရွာသူရွာသားတွေ မအားကြရပါဘူး။
မြေပဲစိုက်တဲ့ မြေမှာ မြေနှုတ်ခါနီး မိုးမကျတော့ မြေမာပြီး နှုတ်ရခက်တာတွေ ရှိကြပါတယ်။
ဒီတော့လည်း မြေပဲပင်တန်းကြား ထွန်ယက်ဆွပြီး မြေပဲနှုတ်ကြရပါတယ်။
မြေပဲနှုတ်တာကို များသောအားဖြင့် အမျိုးသားတွေ လုပ်ကြပြီး မြေပဲဆွတ်တာကိုတော့ အမျိုးသမီးတွေ လုပ်ကြပါတယ်။
ဒါက မြန်မာ့ဓလေ့ မောင်တစ်ထမ်း မယ်တစ်ရွက် သဘောပါပဲ။

ကဲ ဒီနေ့တော့ မြေပဲ ရာသီချိန် ရှုခင်းလေးများ ဖော်ပြပေးလိုက်ရပါတယ်။

@golden.future

H2
H3
H4
3 columns
2 columns
1 column
19 Comments