တောသူတောင်သား ဘဝများ

မင်္ဂလာပါ။

ဒီနေ့တော့ ကျေးလက်တောရွာ တစ်ခု ရောက်တုန်း တောသဘာဝ မှတ်တမ်း ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

မကြာမီဆို မိုးဦးကျကာလ ရောက်ရှိတော့မှာပါ။
ဒီဘက်ဒေသ က မိုးရေကို အမှီပြုပြီး မြေပဲ စိုက်ပျိုးကြပါတယ်။
ခုတော့ မိုးမြေပဲ စိုက်ပျိုးချိန်မှာ မျိုးစေ့ အဆင်သင့်ရှိနေစေရန် မြေပဲများကို အခွံသင်ထားကြရပါတယ်။
အထက်ပါပုံထဲမှာ ကျေးလက်ရိုးရာ လက်ဖြင့် မြေပဲ အခွံနွှာနေပုံပါ။

နေ့လည်ခင်း မြေပဲအခွံသင်ပြီးတော့ ကိုယ်လက်ညောင်းညာတာနဲ့ တရေးတမော အနားယူအိပ်စက်ကြတာပါ။
သို့ပေမယ့် လူအပေါ် ယင်ကောင်တွေ လာနားတော့ ကောင်းကောင်း အိပ်မရတာနဲ့ ကြုံရာ ခြင်ထောင်ယူပြီး တောင်သူလယ်သမားကြီး တစ်ယောက် အိပ်နေပုံပါ။
ခြင်ထောင်က ကလေးအိပ်ဖို့အတွက်ဆိုတော့ လူကြီး အတွက် မဆန့်ပါဘူး။

ဒါလည်း သဘာဝကျကျပေမို့ ကျွန်တော်လည်း မှတ်တမ်းဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

တောသဘာဝ လူနေထိုင်မှုစတိုင် ဆိုတော့ ရိုးရှင်းလှတဲ့ ဘဝတွေပါပဲ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
20 Comments
Ecency