တောလမ်းနဘေးက တောပန်းညိုလေးများ

မင်္ဂလာပါ။
ဒီနေ့ တောလမ်းလေး တစ်လျှောက် ဖြတ်သွားရင်း အလေ့ကျ ပေါက်နေတဲ့ တောပန်းပွင့်လေးတွေကို အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

တောပန်းလေးတွေက ခရမ်းရောင် သေးသေးလေးတွေပါ။
အရင်ရင်တွေက မိုးရွာထားတော့ မိုးရေ သောက်ရလို့ ထင်ပါ့ တောပန်းလေးတွေဟာ ပင်လုံးမြိုင် ပွင့်လန်းလို့ နေကြပါတယ်။

ဘာပန်းလေးတွေလဲ ဆိုတာကိုတော့ လူကြီးသူမ မေးမကြည့်ရလို့ ကျွန်တော် မသိပါဘူး။
မိတ်ဆွေတို့ရော ဒီတောပန်းလေးတွေ ၏ အမည်ကို သိကြပါသလား။

ကျွန်တော် ကတော့ လှတယ် ထင်ရင် ဖုန်းကင်မရာ ဖြင့် ဓာတ်ပုံရိုက်ပြီး ဒီမှာ ဖော်ပြမိတာပါပဲ။
တောပန်းညိုလေးတွေ ဟုပဲ အမည်ပေးလိုက်တော့မယ်။

မိတ်ဆွေများ ပန်းလို လှပ၊ မွှေးမြနိုင်ကြပါစေ။
@golden.future

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency