Some Contents of Rural Area where I Stay

မင်္ဂလာပါ

မိုးယံခါဝယ် ယာကွင်းတွေမှာ စိမ်းစိုနေသော သီးနှံပင်တွေ လန်းဆန်းကြေသလို မစိုက်ပျိုးရသေးတဲ့ လယ်ကွင်းတွေမှာတော့ ရေတွေ ဖွေးနေတတ်ပါတယ်။

img_0.6034561693492646

စိမ်းစိုနေသော ယာကွက်တွေမှာတော့ နှမ်း နှင့် ပြောင်း စိုက်ပျိုးထားကြတာပါ။
ရေတွေ ဖွေးနေတဲ့ လယ်ကွက်တွေမှာတော့ စပါး စိုက်ပျိုးကြမှာပါ။
အချို့သော မြေကွက်တွေမှာတော့ ဆူးခြုံပင်တွေ စိမ်းလန်းနေတာ တွေ့မြင်ရမှာပါ။

img_0.45660181034466474

ကျွန်တော် နေထိုင်ရာဒေသ၏ မိုးရာသီမြင်ကွင်းလေးတွေ ဖော်ပြလိုက်တာပါ။
ဒီဒေသမှာ ကျက်စားကြတဲ့ ငှက်တွေ ကတော့ စာ၊ ဗျိုင်း၊ ကျီး၊ ခို၊ ဆက်ရက်၊ ဂျိုးငှက်တွေပါ။

img_0.562992630018403

လယ်ကွင်းတွေဘက်မှာတော့ များသောအားဖြင့် ဗျိုင်းဖြူတွေကို တွေ့မြင်ရပါတယ်။
ထွန်ယက်ထားသော လယ်ကွက်တွေမှာ ငှက်တွေ အတွက် အစာ ပေါများသည် ထင်ပါတယ်။
ဗျိုင်းတွေ အစာရှာနေကြတာကို မြင်ရလေ့ရှိပါတယ်။

img_0.06366453814992983

သီးနှံတွေ မစိုက်ရသေးတဲ့ မြေလွတ်နေရာများမှာတော့ နွားတွေကို တွေ့မြင်ရပါတယ်။
နွားမွေးမြူထားသော တောင်သူတွေဟာ နွားစာမြက်ပေါသော မြေနေရာတွေမှာ နွားတွေကို စားကျက်ချထားကြပါတယ်။

ဒါတွေကတော့ ဒီဒေသ၏ တောဓလေ့ သဘာဝမြင်ကွင်းတွေ အကြောင်းပါပဲ။
သင်တို့ ဒေသမှာ အဘယ်သို့ ရှိကြပါသလဲ။

ရွှေအနာဂတ်ပိုင်ရှင်

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency