စပ်မိစပ်ရာမှ တောင်ကြီး သို့ မျှော်ရည်မှန်း

မင်္ဂလာပါ။
နှစ်သစ်မှာ အင်သစ်အားသစ်ဖြင့် ကြိုးစားပြီး စာရေးပို့စ်တင်ဖို့ စိတ်ကူးရှိခဲ့ပါတယ်။
သို့ပေသော်ငြားလည်း ဒီ ဇန်နဝါရီမှာ နေ့စဉ် ပို့စ်မတင်နိုင် ဖြစ်နေပါတယ်။
၂၀၂၃ တုန်းကတော့ မပျက်ကွက်ခဲ့ပါဘူး။
ခုများတော့ ...

မကြာခင်ဆို Hive Blockchain ပေါ်မှာ ၅ နှစ် ပြည့်တော့မယ်။
ရက်ပေါင်း ၁၈၀၀ လောက် စာရေး ပို့စ်တင် လုပ်ခဲ့ပေမယ့် စာရေးသားသော အရည်အသွေးက တက်မလာခဲ့ပါဘူး။
ဒါက စာဖတ်အား ညံ့တာနှင့် စဉ်းစားတွေးခေါ်မှုအားနည်းတာကြောင့်ပါ။
တကယ်တော့ အရည်အသွေးကောင်းအောင် ကြိုးစားအားထုတ်ခြင်း မရှိပါဘဲ ပို့စ်ဖြစ်ရုံ ရေးသားနေခဲ့သောကြောင့်ပါ။
မိမိ၏ ပို့စ်တွေက အရည်အသွေး မကောင်းတော့ ဖတ်ပြီး ကွန်မန့်ပေးသူ မရှိသလောက် နည်းပါတယ်။
ကွန်မန့်ပေးသူ နည်းတော့ စာရေးအားကျပါတယ်။
ဒါက ဂျာအေး သူ့အမေရိုက်တဲ့ ကဗျာလို လုံးလည်လိုက်နေမှာပါ။
ဒီကြားထဲ hive ဈေးက ကျနေလေတော့ ...

ကဲ ဒါတွေ ထားပါတော့။
မည်သို့ပင်ရှိစေ Hive Power တိုးအောင်တော့ ကြိုးစားစုရဦးမယ်။
Taungyi Gathering လည်း ဖြစ်မြောက်ချင်ပါသေးတယ်။
Steemit တုန်းက ‌ဦးဆောင်ခဲ့သူတွေကလည်း Hive မှာ လျော့ပါးပျောက်ကွယ်နေတော့ အားတော့ လျော့မိသလိုပါပဲ။
သို့ပေသော်ငြားလည်း အားတင်းကာ ဆက်လက် ရုန်းရပါဦးမယ်။
တနေ့နေ့တော့ ဖြစ်လာရမည်ဟုသာပေါ့။

ပုံတွေကတော့ အမရပူရ တောင်သမန်အင်း ပါ။
@golden.future

H2
H3
H4
3 columns
2 columns
1 column
18 Comments
Ecency