လယ်ပုဇွန်လုံး နဲ့ ဆပ်စပ်လို့ စားဖွယ်

မင်္ဂလာပါ။
မိုးရာသီတုန်းက ချက်စားဖို့ ပုဇွန်လုံးတွေ ကို ဓာတ်ပုံရိုက်ယူထားခဲ့ပါတယ်။
ရွာအခေါ် လယ်ပုဇွန် ပေါ့။
ပဂ်လယ်ထဲက ဂဏန်း နှင့် ဆင်တူပါတယ်။
လယ်ပုဇွန်လုံး က အရွယ်အစားတော့ ငယ်တာပေါ့။

ရွာမှာတော့ လယ်ပုဇွန်လုံး ၏ တက်မ လက်မတွေကို ဖြုတ်ပြီး ပြုတ်စား၊ ကင်စားကြပါတယ်။
ပုဇွန်လုံး လက်မကြီး ထဲက အသားဖက်လေးတွေက ချိုအိနေတာပါပဲ။

ရင်ဘတ်ကိုတော့ ချဉ်ရည်ချက်စားကြတာ များပါတယ်။
မုန့်နှစ်ဖြင့် သုပ်လူးကာ ကြော်စားတာမျိုးလည်း ရှိပါတယ်။

ပုဇွန် အခွံထဲက အဆီတွေ ကို ထုတ်ယူကာ ပုဇွန်ဆီချက် လည်း စားကြပါတယ်။
ပုဇွန်ဆီ အချိုချက်က အီပါတယ်။
စားရတာတော့ ဆိမ့်ပါတယ်။

လယ်ပုဇွန်လုံး ချက်စားတဲ့ ပုံ တင်မလို့ပါပဲ။
ချက်ပြုတ်ပြီးတော့ ဓာတ်ပုံရိုက်ဖို့ မေ့သွားခဲ့တယ်။
ဒီတော့လည်း ရိုက်ယူဖြစ်ခဲ့တဲ့ လယ်ပုဇွန်လုံး ပုံလောက်သာပါပဲ။

မိတ်ဆွေတို့ရော လယ်ပုဇွန်လုံး ကို ဘယ်လိုမျိုး ပြုလုပ်ပြီး စားရတာ ကြိုက်ကြပါသလဲ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
19 Comments
Ecency