ဒီအရိပ်မှာ လာပါ နားပါ ရေသောက်ပါ

မင်္ဂလာပါ ။
မနေ့က နေ့လည်ခင်း ရွာတစ်ရွာ မှ အပြန် ရာသီဥတု ပူလွန်းတာကြောင့် လမ်းဘေး တဲလေး တစ်လုံးထဲ ဝင်ရောက် နားခိုခဲ့ပါတယ်။
ထန်းရွက်မိုးထားတဲ့ တဲ ဆိုတော့ အအေးဓာတ်ကောင်းသလို သစ်ပင်တွေ ရှိတဲ့ ကွင်းပြင်ကျယ်နဲ့ဆိုတော့ လေ တဖြူးဖြူး တိုက်ခတ်တာ ခံရတော့ အပူ သက်သာပါတယ်။

ကျွန်တော်လည်း တဲ ထဲမှာ ထိုင်ရင်း ဖုန်း ဖွင့်ကာ Hive Blockchain ကို အသုံးပြုနေခဲ့ပါတယ်။
ထိုစဉ် ငှက်ကလေးတွေ လာလာ နားကြလို့ ကျွန်တော် ကြည့်လိုက်တော့ သစ်ပင် အောက်မှာ မြေအိုး အကွဲထဲ ရေထည့်ထားသည်ကို မြင်တွေ့ခဲ့ရသည်။

မြေအိုး အကွဲထဲ ရေထည့်ထားသည်မှာ ငှက်တွေ သောက်သုံးရန် ဖြစ်ပါသည်။
ခုလို ပူပြင်းတဲ့ ရာသီမှာ ရေ ရရှိဖို့ ခက်ခဲ့တော့ ငှက်တွေ ရေဆာရှာမှာပဲ။
ခုလို သစ်ပင်ရိပ်က အိုးထဲ ရေထည့်ပေးထားတော့ ဒီအနီးအနားက ငှက်တွေ ရေသောက်နိုင်တာပေါ့။

ရေလာသောက်တဲ့ ငှက်တွေကတော့ ကျီး ၊ စွေ့ နှင့် စာကလေးများ ပင် ဖြစ်ပါသည်။
ကျွန်တော်လည်း တောသဘာဝ မြင်ကွင်းလေးမို့ အမှတ်တရဓာတ်ပုံရိုက်ယူခဲ့ပါသည်။

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency