အပြန်အလှန် အကျိုးဖြစ်ထွန်းအောင် လုပ်ကြမယ်

မင်္ဂလာပါ။

ပန်း နှင့် ပိတုန်း
ပျား နှင့် ပန်း တွေဟာ မိတ်ဆွေတွေလား။
အကျိုးတူတွေလား။
သင်တို့က ဘယ်လို ယူဆကြမလဲ။

ပန်းပွင့်တွေ အနားမှာ ပျား နှင့် ပိတုန်း တွေ ရစ်ဝဲ ပျံနေကြတာ မြင်တွေ့နေကြ ဖြစ်မှာပါ။
ပျား နှင့် ပိတုန်းတွေဟာ ပန်းပွင့်တွေ ဆီမှ ပန်းဝတ်ရည် နှင့် ဝတ်မှုန် တို့ကို ရယူကြပါတယ်။
ပန်းဝတ်ရည် နှင့် ဝတ်မှုန်တွေဟာ ပျား နှင့် ပိတုန်း အတွက် အစာအာဟာရတွေပါ။

ထိုသို့ ပျား နှင့် ပိတုန်းတွေဟာ ပန်းပင်‌ တစ်ပင်မှ တစ်ပင် ကူးကာ ပန်းဝတ်ရည် နှင့် ဝတ်မှုန်ကို ရယူနေကြစဉ်မှာ ပန်းပွင့်တွေ အတွက် ဝတ်မှုန်ကူးခြင်း ဖြစ်စေပါတယ်။
ပန်းပွင့်တွေ ဝတ်မှုန် ကူးနိုင်မှ အသီးအနှံမျိုးစေ့တွေ ဖြစ်လာမယ် မဟုတ်လား။
အသီးအနှံ မျိုးစေ့တွေက ပန်းပင်တွေ ထပ်မံ ပေါက်ရောက်ရတယ်လေ။

ဒါဟာ ဂေဟစနစ် တစ်ခုပါ။
သဘာဝတရားကြီး၏ သမမျှတစေသော ရှင်သန်ဖွံ့ဖြိုးရေး ဖြစ်စဉ်ပါပဲ။

တစ်စုံတစ်ရာက တစ်စုံတစ်ရာကို
အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်း ပါ။

ကျွန်တော်တို့ လူသားတွေဟာ သဘာဝတရား ကို မဖျက်ဆီးဘဲ အကျိုးဖြစ်ထွန်းအောင် ထိန်းသိမ်းသင့်ကြပါတယ်။
မိမိတို့ အတ္တ အတွက် သဘာဝတရား ကို မပျက်စီးအောင် ဆောင်ရွက်ကြရပါမယ်။

မိတ်ဆွေတို့ ဘယ်လို သဘောရကြပါသလဲ။

ရွှေအနာဂတ်ပိုင်ရှင်

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency