မှီခိုမှူကင်းပါစေ။

လူဘဝ၏အစသည်ကားငိုခြင်းဆိုသည့်ငိုသံလေးဖြင့်စတင်
ခဲ့သည်ဟုပြောရပေမည်။လူဘဝအစ၌မှစ၍အမိအဘဆွေး
မျိုးများ၏ထားရာနေစေရာသွားအခြေအနေမှစတင်ခဲ့ပေ
သည်။
ထို့နောက်မိမိကိုယ်တိုင်မှောက်ယက်သွားခြင်း လေးဘက်
ထောက်သွားခြင်း မတ်တပ်ရပ်လမ်းလျှောက်ခြင်းစသဖြင့်
အမှီအခိုကင်းကင်းဖြင့်သွားနိုင်လာနိုင်အောင်ကြိုးစားခဲ့ရ
ပေသည်။
လူ့ဘဝကိုလျှောက်လှမ်းရာ၌အမှီအခိုကင်းကင်းလျှောက် လှမ်းနိုင်အောင်ကြိုးစားအားထုတ်ရပေမည်။မိဘတို့သည်
လည်းမိမိတို့၏သားသမီးများအား ကိုယ်ပိုင်ဆုံးဖြတ်ချက်
ဖြင့် အမှီအခိုကင်းသည့်ဘဝသို့ရောက်ရှိအောင်ပြုစုပြု
ထောင်ပေးသင့်သည်ဟုထင်မြင်မိပါသည်။
ငယ်စဉ်ကတည်းကကျောင်းသွားသည့်အခါ၌ကလေးလွယ်
အိတ်လွယ်သည်ကနေ အိမ်စာလုပ်သည်အထိကိုယ်တိုင်
လုပ်တတ်အောင်လေ့ကျင့်သင်ကြားပေးသင့်သည်။
ငယ်စဉ်ကတည်းကအန္တရာယ်မရှိလောက်သည့်ကိစ္စများ
၌ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်ပြီးလုပ်ကိုင်ခွင့်ပေး
သင့်သည်ဟုထင်မြင်မိပါသည်။
မိမိတို့အရွယ်ရောက်လာသည်နှင့်အမျှ အရာရာတိုင်း၌
မည်သူ့အပေါ်၌မှ မှီခိုခြင်းမရှိပဲရပ်တည်နိုင်သည့် ဘဝကို
တည်ဆောက်ယူနိုင်လျင်အင်မတန်မှစိုးရိမ်ပူပန်မှူကင်းပြီး
စိတ်ချမ်းသာသည့်ဘဝကိုရရှိမည်ဟုထင်မြင်ပါသည်။
မိမိကိုယ်တိုင်သည်လည်းငယ်စဉ်ဘဝကတည်းကအမှီအခို
ကင်းစွာရပ်တည်နိုင်မှူကိုအင်မတန်သဘောကျနှစ်ခြိုက်
သူတယောက်ဖြစ်သည်။
အလုပ်အကိုင်ရွေးချယ်ရာတွင်လည်း သူတပါးအပေါ် မှီခို
ရပ်တည်မှူများသည့် လခစားအလုပ်အားနှစ်ခြိုက်ခြင်းမရှိ
ပေ။မည်သူ၏အမှီအခိုမပါပဲ ကိုယ်တိုင်ကြိုးစားအားထုတ်
ပြီးရရှိသည့်အလုပ်အကိုင်ကိုကြိုက်နှစ်သက်ပေသည်။
မြန်မာနိုင်ငံ၌ အိမ်ထောင်ကျပြီး ကလေးရသည်အထိကိုယ်
ပိုင်ဆုံးဖြတ်ချက်ဖြင့်ဆုံးဖြတ်နိုင်စွမ်းမရှိပဲ မိဘအပေါ်မှီခို
နေဆဲဖြစ်သည့်သားသမီးများကိုလည်းတွေ့ရှိရပေသည်။
ထို့အတူအိမ်ထောင်သည်အမျိုးသမီးများသည်လည်း
ခင်ပွန်အပေါ်၌လုံးလုံးလျားလျားမှီခိုနေခြင်းမဖြစ်သင့်ပေ။
ကိုယ်စွမ်းကိုယ်စဖြင့်အလုပ်လုပ်ကိုင်နိုင်သည့်အစွမ်းအစရှိ သင့်လှပေသည်။ဘဝကံကြမ္မာဆိုသည်မှာ မျက်လှည့်လို
ဖြစ်သည်။တချိန်ချိန်၌ မိမိခင်ပွန်းမှမိမိအားစွန့် ခွာသွား
သည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ ပြောင်းလဲနိုင်ပေ
သည်။ထို့ကြောင့်အမှီအခိုကင်းသောဘဝတခုကို မိမိကိုယ်
တိုင်တည်ဆောက်ထားသင့်သည်။ ထို့အတူသားသမီးများ
သည်လည်းအချိန်မရွေး မိဘမဲ့ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့်လူတိုင်းလူတိုင်းအမှီအခိုကင်းအောင်ကြိုးစား
အားထုတ်ခြင်းသည် မရှိမဖြစ်လုပ်ဆောင်သင့်သည့်ကိစ္စ
တခုဖြစ်သည်ဟုရေးသားရင်းနိဂုံးချုပ်လိုက်ရပါတော့သည်။

Photo credited from google

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency