ရဲရဲနီ

Crypto market ကြီးက ရဲရဲ နီလို့နေ၏။ ဘယ်နေ့အထိ နီမည်ကတော့ မပြောတတ်ပေ။ ဒီနှစ်ထဲ crypto တွေလည်း အတော်လေး ဘေးကြပ်နံကြပ် ဖြစ်နေ၏။ Market က အထက် အစား အောက်သို့သာ ထိုးဆင်းချင်နေတော့၏။ နာမည်ကြီး tokens နဲ့ exchange အချို့ အကြောင်း အမျိုးမျိုး ကြောင့် ပြိုကွဲ ပျောက်ကွက်ခြင်းကလည်း crypto market ကြီးကို ဇောက်ထိုး မိုးမျှော်တွေ ဖြစ်စေကုန်တော့၏။ ကျနော်တို့၏ ဇာတ်လိုက်ကျော်ကြီး Hive သည်လည်း တင်းမခံနိုင်ရကား စျေးကျရတော့၏။

ခုထိတော့ ကျနော်တို့ Hive မှာ စရေးဖြစ်သည့် နဂိုမူလ စျေး၏ အထက်မှာတော့ ရှိနေပါသေး၏။ ထိုအချက်ကြောင့်ပင် စိတ်မှာ အတန်ငယ် ခံသာ ​ဖြေသာရသည် မဟုတ်လား။ အကုန်လုံး စျေးကျနေချိန်မှာ Hive သည်လည်း ကျရတော့ မပေါ့။ အများနဲ့ အတူပေါ့။ ဒါပေမယ့် တခါတလေကျ သူများတွေ တက်ပေမယ့် သူက မတက်သည့်အခါမျိုးလည်း ရှိသေး၏။ LOA လိုပေါ့။

Hive စျေးကျတော့ မိမိရသည့် reward ကလည်း နည်း ပြီး မိမိ ပေးသည့် vote ကနည်း ဆိုတော့ ကိုယ်လည်း နည်းနည်းပဲရ၊ သူများလည်း နည်းနည်းပဲ ရဆိုတော့ စိတ်မကောင်းတော့ ဖြစ်ရ၏။ ဒီအချိန် ဒီစျေးက လက်ထဲ အပိုစာသားရှိသူများအဖို့ ဝယ်ထားသင့်သည့် စျေး ဖြစ်၏။ ဝယ်ချင်သော်လည်း အပိုစာသား မရှိသူမို့ ဒီအတိုင်း စုတ်တသပ်သပ်နဲ့သာ နေနေရ၏။ LOA သာ စျေးကောင်းနေပါက လက်ထဲရှိသည့် LOA အချို့ကို Hive သို့ ချိန်းမိပေလိမ့်မည်။ ခု LOA စျေးက Hive ထက် အဆများစွာ နည်းလွန်းနေ၏။

ကျပြီးရင် တက်မှာကို သိပေမယ့် ဘယ်အချိန်ထိ ကျနေပြီး ဘယ်အချိန်မှ ပြန်တက်မည်ကိုတော့ မသိ မပြောတတ်သေးပေ။ ကျချိန်မှာ မဝယ်နိုင်သဖြင့် ထုံးစံအတိုင်း ပိုစ့် ရေးရင်းနဲ့သာ စုဆောင်းရပေတော့မည်။ ကျနော်တို့က တက်လေးရေး၊ ကျလည်းရေး ပဲ မလား။ ကိုင်ဆွဲနေကြ ဆောင်ပုဒ်အတိုင်း စျေးတက်တာ ကျတာက သူ့ အလုပ်၊ စာရေးရမှာက ကိုယ့် အလုပ် ဖြစ်ချေတော့၏။ ဒါပေမယ့် စျေးကျနေချိန်မျိုးမှာ စာရေးရတာ အားတော့လျော့လှ၏။

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency