ရေကြည်ရာ မြက်နုရာ

Rabona ဂိမ်းက vote တွေ ပြန်မရသေးတော့ Rabona ဂိမ်း ပိုစ့်တွေကို Rabona official community မှာ မတင်တော့ဘဲ Blockchain gaming community မှာ သွားတင် ဖြစ်၏။ Rabona က vote တွေ ရနေတုန်းကတော့ 2$ နဲ့ 3$ ကြားလောက်တော့ ရပါ၏။ ခုက 0.3$ နဲ့ 0.4$ လောက်သာ ရတော့၏။ ဒါတောင် ကိုယ့်လူတွေရဲ့ vote တွေ ကြောင့်သာ။

အစောပိုင်းတုန်းကတော့ Blockchain gaming community မှာ ပိုစ့်တင်လျှင် 4$ နဲ့ 6$ ကြားရ၏။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နည်းသွား၏။ အများဆုံး 2$ လောက်သာ မြင်ရတော့၏။ Community မှာ ပိုစ့်တင်သူတွေပဲ များလာလို့လား၊ ဒါမှမဟုတ် ကျနော်တို့၏ ပိုစ့်တွေကပဲ အရေးအသား အဆင်မပြေလို့လား၊ ယခင်က support ပေးသူတွေ ခုချိန်မှာ မပေးကြတော့လို့လား အဘယ် အကြောင်းကြောင့်ဆိုသည်ကိုတော့ မပြောတတ်ပေ။

Blockchain gaming community ကနေ ရသည့် vote က နည်းလာချိန် Rabona official community ကိုတွေ့တော့ Rabona ဂိမ်း ပြန်ဆော့ပြီး ဂိမ်းပိုစ့်တွေကို အဆိုပါ community မှာ တင် ဖြစ်၏။ ကနဦး Rabona ပိုစ့်တွေက 4$ လောက်ထိ ရခဲ့ဖူး၏။ ခုတော့ 2$ ပတ်ခြာလည် လောက်သာ ရတော့၏။ ဘာပဲ ပြောပြော 1$ တော့ ကျော်နေသေးသည် မဟုတ်လား။

ခုက Rabona မှာတင်သည့် ပိုစ့်တွေက အထက်မှာ ပြောခဲ့သည့် အတိုင်း vote တွေက အတော် နည်းသွားခဲ့၏။ ထို့ကြောင့် Blockchain gaming မှာ ပြန်သွား တင်နေခြင်း ဖြစ်၏။ 1$ အောက်ခြင်း တူပေမယ့် Rabona ထက်စာလျှင် Blockchain gaming မှာက နည်းနည်း ပိုများသေး၏။

Rabona ကနေ ယခင်လို vote တွေ ပြန်ပေးနိုင်မှပဲ ပြန်လာတင်တော့မည်။ တရွာမပြောင်း သူကောင်း မဖြစ်ဆိုပြီး ရှိသည် မဟုတ်လား။ ခုက လုံးဝကြီး ပြောင်းပစ်တာတော့ မဟုတ်ပေ။ ​အခြေအနေ အရပေါ့။ အဲ သေချင်တဲ့ကျား တောပြောင်း မဖြစ်ဖို့တော့ လို၏။ တော်နေကြာ Blockchain gaming community က vote က Rabona ထက် နည်းနေမှဖြင့်။ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး မဖြစ်ဖို့တော့ မျှော်လင့် ပါ၏။

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency