Windows error

fb_img_1638790212152.jpg

မနေ့ ရှေ့တနေ့က သူငယ်ချင်း phone ဆက် အကူအညီ တောင်း၏။ အခြား မဟုတ် သူ့ laptop ဖွင့်မရတော့ သဖြင့် တချက် ကြည့်ပေးဖို့ ပြောခြင်း ဖြစ်၏။ သူကတော့ ဒီမှာ မရှိနေပေ။ နေပြည်တော် ရောက်နေ၏။ laptop က သူ့ ညီမ သုံးဖို့ ထားပေးခဲ့ခြင်း ဖြစ်၏။ သူ့ ညီမ သုံးဖို့ လုပ်နေရာက ဖွင့်မရနေသဖြင့် တချက်လောက် ကြည့်ပေးဖို့ လှမ်းမှာခြင်း ဖြစ်၏။

သို့နှင် မနေ့က သူ့အိမ်သို့ သွားလိုက်၏။ laptop ကို ဖွင့်ကြည့်တော့ boot မှာပဲ logo အဝိုင်းလည် ရပ်နေ၏။ အတော်ကြီးကို ကြာ၏။ ရှေ့ရက်က သုံးဖို့ ဖွင့်တုန်းက ရသေးတယ်။ ဒီနေ့မှ မရတော့ တာဟု သူငယ်ချင်း ညီမလေးက ပြော၏။ သို့နှင် bios setup ထဲ ဝင်ပြီး repair လုပ်ကြည့်ဖို့ ကြိုးစား ကြည့်မိ၏။ မရပေ။ ထုံးစံအတိုင်း တခုခုဆို အတော်လေးကြာကြာနေ၏။ စိတ်က သိပ်မရှည်ချင်တော့။

တနေရာကနေ တနေရာ ရောက်ဖို့ သွားဖို့ အတော်ကြီးကို စောင့်နေရ၏။ သဘာဝ မကျလှပေ။ i5 4 generation, Ram 4 g ကြီးက ခုလို လေးကန်နေတာ သဘာဝ မကျလှပေ။ Graphic တောင် ပါနေသေး၏။ အဲ့တောင်တောင် လေးကန်နေတာကြီးက အဆင်မပြေပေ။ repair အလုပ် မဖြစ်၊ သို့နှင် refresh စမ်းကြည့်၏။ ထုံးစံအတိုင်း ရှည်ကြာနေပြန်ရော။

img_0.18191841942511283.jpg

ကွန်ပျူတာ service ပေးသည့် အသိ အကို တ​​ယောက်နား လှမ်းမေးကြည့်မိ၏။ windows ခွေ ထည့်ပြီး repair လုပ်ကြည့်ရင် ရမလားပေါ့။ windows 8 ဆို ရနိုင်ပြီး၊ windows 10 ဆိုလျှင်တော့ မသေချာကြောင်း windows ပြန်တင်မှသာ ရနိုင်ကြောင်း ပြော၏။ သို့နှင့် laptop ပိုင်ရှင် သူငယ်ချင်းကို ph ဆက်မေးရပြန်၏။ windows 8 လား 10 လားပေါ့။ ဖြစ်ချင်တော့ ဆရာသမားက ကိုယ့် windows ကိုယ် မမှတ်မိဘူး တဲ့ ကောင်းရော။ 8 လိုလို 10 လိုလို မသဲကွဲဘူး တဲ့။

သို့နှင် သူ့ ညီမလေးကို windows ခွေ ရှာကြည့်ပေးဖို့ ပြောရ၏။ windows ခွေတွေ့လို့ 8 ဖြစ်နေရင် repair လုပ်မယ်။ ဒါမှမဟုတ် 10 ဖြစ်နေလျှင်တော့ windows အသစ် ပြန်တင် လိုက်မယ်ပေါ့။ ဖြစ်ချင်တော့ ခွေက လုံးဝ ရှာလို့ မတွေ့နေပေ။ သို့နှင် မထူးတော့ အားသွင်းကြိုးနှင့် laptop ကို အိတ်ထဲ ထည့်၍ ယူလာခဲ့လိုက်တော့၏။ အိမ်ရောက်မှပဲ ဆက်လုပ်တော့မည်။

_ဆက်ရန် _

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency