တင်ပလိုက်ပြီ

မထူးတော့ ဆိုပြီး Rising os တင်ကြည့်ရန် download ဆွဲလိုက် ၏။ Rising os က ခုမှ version 1.0 ပဲ ရှိသေး၏။ ခုမှ 1.0 ဆိုပေမယ့် အထင်သေးလို့ မရပေ။ သူက Ricedroid os ကို အခြေတည်ထားခြင်း ဖြစ်၏။ Ricedroid ကိုမှ Rising os ဆိုပြီး နာမည်ချိန်းပြီး ထွက်လာခြင်း ဖြစ်၏။ ယခင် Ricedroid နဲ့ ဘာမှကို မဆိုင်ပေ။ Customize လုပ်လို့ရတဲ့ နေရာမှာ rising os က တော်တော်လေး များ၏၊ ပို၏။ ကျနော် သုံးဖူးသမျှ custom rom တွေထဲမှာ customize လုပ်ခွင့်၊ လုပ်စရာ အများဆုံး rom လို့ ပြောလို့ရ၏။

လက်ရှိ သုံးနေတဲ့ EvolutionX ကနေ ပြောင်းသုံး လိုက်တာ မှန်သွားပြီဟု ပြောလို့ရ၏။ EvolutionX မှာလိုပဲ build in private DNS setting ပါ၏။ Kpay လည်း သုံးလို့ရ၏။ Enhanced version တွေမှာသာ kpay က မရခြင်း ဖြစ်မည်။ နောက်ဆို enhanced တွေကို သတိထားရမည်။

Rising os က Spark os ကို modified လုပ်ထားသည့် os မျိုးဟု ပြောလို့ရမည် ထင်၏။ တော်တော်လေး သုံးလို့ကောင်း၏။ smooth ဖြစ်တယ်၊ stable ဖြစ်တယ်၊ performance ကောင်းတယ်။ ၂ ရက်တာ အသုံးပြု ကြည့် အနေအထားမှာ lag တာတွေ၊ error ဖြစ်တာတွေတော့ မတွေ့ရသေးပေ။ official version မဟုတ်သည့် အတွက် ota update တော့ ရမည် မဟုတ်ပေ။

နောက်ပိုင်းမှာ official အဖြစ် လာနိုင်မလားလို့ rom ဖန်တီးသူ developer ကို မေးကြည့်တော့ မသေချာဘူးဟု သူက ပြန်ဖြေ၏။ လက်ရှိမှာကို သူ official အဖြစ် ကိုင်ထားပေးသည့် custom rom တွေက များနေတော့ နောက်ထပ် official lineup အနေနဲ့ လုပ်နိုင်ဖို့ အချိန် မပေးနိုင်မှာကို စိတ်ပူသောကြောင့် ဖြစ်သည်ဟု သူက ဆို၏။ EvolutionX rom ၏ developer (maintainer) ကလည်း သူပဲ ဖြစ်၏။

လောလောဆယ်တော့ rising ကို EvolutionX ထက် ပိုကြိုက်၊ ပိုသဘောကျ သွားပြီ ဖြစ်၏။ Spark os ထက် ပိုကြိုက်လား ဆိုရင်တော့ နောက်ထပ် ရက် အနည်းငယ်လောက် သုံးကြည့်ပြီးမှ သိရပေလိမ့်မည်။

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency