That Day (Chapter 1)

မနေ့က ကျနော့် Futsal ကန်ခဲ့သည့် သမိုင်း တလျောက် အမှတ်တရ နေ့ တနေ့အဖြစ် မှတ်တမ်း ဝင်သွားခဲ့၏။ မနေ့က မကြာခဏ ချိန်းကန်လေ့ ရှိသည့် အသင်းနဲ့ အရင်လိုပဲ ချိန်းကန် ဖြစ်၏။ ချိန်းကန်တိုင်း ထိုအသင်းကို ကျနော်တို့ အသင်းက အမြဲ နိုင်နေကြ။ ဒါပေမယ့် ယခုတကြိမ်မှာတော့ သူတို့ လူ အပြောင်းအလဲလေး လုပ်လာခဲ့၏။ ယခင် လူတွေတော့ မဟုတ်ပေ။ လူဟောင်း လူရင်း ၂ ယောက်သာ ပါပြီး ကျန်သူတွေကတော့ လူသစ်တွေ ဖြစ်၏။ ဘယ်နားက ခေါ်လာသည်တော့ မသိပေ။

ထို့အတူ ကျနော်တို့ အသင်းကလည်း အတူ ကန်နေကြ မဟုတ်သည့် ညီလေး နှစ်ယောက် ပါလာ၏။ အသင်းထဲက အသင်းသား တယောက်၏ အသိတွေ ဖြစ်၏။ သူတို့လည်း ကန်ချင်တယ် ပြောနေလို့ဆိုပြီး ကျနော်တို့၏ အသင်းသားက လှမ်းပြောသဖြင့် လာကန်နိုင်ကြောင်းပေါ့။ ပုံမှန် အားဖြင့် ချိန်းပွဲ ဆိုလျင်တော့ ကျနော်တို့က အပြင်လူ ခေါ်လေ့ မရှိပေ။ ခုကလည်း အသင်းသားအကို ကိုယ်တိုင်က လှမ်းပြောနေသဖြင့် ကန်ပေါ့လေ ဆိုပြီး ခွင့်ပြုပေးလိုက်၏။

ထို့ပြင် မနေ့က လာမကန် ဖြစ်တာ ကြာနေပြီ ဖြစ်သည့် အသင်းသား အကို နှစ်ယောက်ကလည်း လာကန်ကြ၏။ ပြောရမယ် ဆိုလျင် အတူတွဲကန်နေကြ လူတွေ အပြင် တခြားသူတွေပါ ထပ်ပါလာသည့် သဘောပင်။ ပွဲမစခင် လာမကန်ဖြစ်တာ ကြာနေပြီး ခုမှ ပြန်လာကန်သည့် အကိုက ကျနော့်ကို နှုတ်ဆက်၏။ သူ နှုတ်ဆက် နေကြ ပုံစံ အတိုင်း ဆရာသက် ဆိုပြီး ဂျိုင်းကြားကနေ လာမ၏။ အခန့်မသင့်တော့ သူ့ ဖိနပ်ဘားနဲ့ ကျနော့် ခြေထောက် ခိုက်မိသွား၏။ ကျနော်က futsal ဖိနပ် မဝတ်ထားရသေးပေ။ ခြေခလယ် ခြေသဲ တဝက်ကနေ ကျိုးသွားခဲ့၏။

အားလုံး မကျိုးသွားဘဲ တဲတဲလေးကျန်နေသေးလို့ ကွင်းကနေ လက်သဲညှပ် တောင်းပြီး ညှပ်ယူ လိုက်ရ၏။ နည်းနည်းတော့ နာ၏။ ခြေမ ခြေသဲ ခိုက်မိ တုန်းကလောက်တော့ မနာပေမယ့် သူ့ဟာနဲ့ သူတော့ နာ၏။ ပွဲက မကန်ရသေး။ အနာကပ် ပလာစတာလေး ကပ်ထားပြီး ဖိနပ် စီးပေါ့။ ကန်တဲ့ တလျောက်လုံး သတိထားနေရ၏။ ဒါပေမယ့် ယခင် နေ့တွေကထက်တောင် ပိုပြီး ခြေစွမ်း ပြ၊ ခြေပေါ်နေခဲ့၏။ ကွင်းလယ်လောက်ကနေတောင် ဂိုးတွေ ဘာတွေ ထသွင်း လိုက်သေး၏။

အကြိတ်အနယ် အပြန်အလှန် ကစားကြပေမယ့် တဖက်အသင်းက ပိုကောင်းနေခဲ့၏။ ဂိုးတွေလည်း ပိုသွင်းနိုင်၏။ ကျနော်တို့ အသင်းက အသစ်ပါလာသည့် ညီလေး နှစ်ယောက် ပြီး ခုမှ ပြန်လာကန်ဖြစ်သည့် အကို နှစ်ယောက်နဲ့ အချိတ်အဆက်တွေက လွဲ၊ လိုနေခဲ့၏။ ပုံမှန် တွဲကန်နေကြသူတွေနဲ့ဆိုရင် ဒီလောက်ထိ မဆိုးနိုင်ပေ။

ဆက်ရန်

H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency