Start together, Grow together

စာလေး ရေးရင်း အေးအေးလူလူ ဖြတ်သန်းခွင့်ရဖို့ ရည်သန်ထားပေမယ့် လက်ရှိ Hive ဈေးနဲ့ကတော့ မဖြစ်နိုင်သေးပေ။ Hive ဈေးကောင်းလာရင်တောင် ကိုယ့်မှာက လူရှိန်လောက်စရာ Hive power မရှိနေသေးပေ။ ခုမှ လူရိုသေ ရှင်ရိုသေ power လေးသာ စုမိနေသေး၏။ ပြီးတော့ လက်ရှိ အနေအထားအရ Hive ကနေ ရသမျှကို power up မပစ်နိုင်သေးဘဲ တချို့တဝက်ကို တခုခုအတွက် အသုံးပြု လိုက်ရတာမျိုးတွေ ရှိနေခဲ့၏။ Power down ယူရသည်အထိ မဖြစ်နေသေးတာကိုဘဲ ကျေးဇူးတင်ရမည်။ Power ကိုတော့ ဘယ်တော့မှ မ down ဖို့ ဆုံးဖြတ်ထား၏။

တခြား income တခုခုသာ ရှိနေရင် စာရေး ပိုစ့်တင်လို့ရသမျှကို 100% power up ဖြစ်မည် ထင်၏။ Steemit မှာတုန်းကတော့ 100 % power up ဖြင့် လအတော်ကြာကြာ ဖြတ်သန်းခဲ့ဖူး၏။ ထိုစဉ်က Steem ကိုတောင် ပြန်ဝယ်လိုက်သေး၏။ အဝယ်သက်သက် အရောင်း မလုပ်ပေ။ Banking စနစ်‌တွေ သိပ်မတွင်ကျယ်သေးတော့ Steem ကို phone bill နဲ့ ဝယ်ရောင်း လုပ်ကြ၏။ ကျနော်က phone bill ဖြည့်ပေး၊ သူတို့က Steem ပေးပေါ့။ ထိုနည်းဖြင့် power တွေ အတော် စုမိလိုက်သေး၏။ နောက်ပိုင်း Steem ဈေး ကောင်းလာ၊ Banking တွေ Crypto Exchange တွေ တစတစ ထွန်းကား တွင်ကျယ်လာတော့ bill နှင့် အရောင်းအဝယ် သိပ် မလုပ်ဖြစ်တော့ပေ။

Crypto အကြောင်း နားလည်သွားသူတွေက ကိုယ့်နည်းလမ်းနဲ့ကိုယ် ပြောင်းလဲကြပေမယ့် မရင်းနှီး မကျွမ်းကျင်သေးသူတွေကတော့ ရသမျှ Steem တွေကို ရောင်းထုတ်ပစ်တာ၊ Bill နဲ့ လဲ ပစ်တာမျိုးတွေပဲ လုပ်လိုက်ကြ၏။ တချို့က ရေရှည်အတွက် ရည်သန်ပေမယ့် အချို့ကတော့ အသီး သီးသည်နှင့် တန်းပြီး ခူးယူစားသုံးလိုက်ကြ၏။ မျိုး အဖြစ်ထားမယ် ဘာညာတွေ မတွေးနေတော့ပေ။ ကိုယ့်အတွေးနဲ့ ကိုယ်၊ ကိုယ့် အယူအဆနဲ့ ကိုယ် ပေါ့။

Steemit ကနေ Hive သို့ အကူးမှာ ကျနော်တို့ မြန်မာ အဖွဲ့လည်း လူအတော်လေး နည်းသွားခဲ့၏။ ဒါတောင် Hive ခရီးလမ်း အစမှာ အထိုက်အလျောက် လူတွေ ရှိသေး၊ ရေးနေကြသေး၏။ နောက်ပိုင်းမှာတော့ အကြောင်း အမျိုးမျိုးကြောင့် လူတွေ နည်းသွားတော့၏။ တချို့က ဘာမှ ဆက်မရေးဖြစ် ပေမယ့် power ဘာညာ သူ့ဟာလေးနဲ့သူ ကျန်နေ၊ ရှိနေသေး၏။ အချို့ကကြတော့ account သာ ကျန်၏။ power ဘာညာ ဘာမှ မရှိတော့ပေ။ ယာခင်း အလွတ်ကြီး အဖြစ်နဲ့သာ ကျန်ခဲ့သည်ပေါ့။ ပြန်လည် ပြုပြင် အချိန်ပေး စိုက်ပျိုးရင်တော့ ယခင်အတိုင်း ဝေဝေဆာဆာနဲ့ ပြန်ဖြစ် လာနိုင်ပေလိမ့်မည်။

မအား မလပ်ကြတော့တာရယ်၊ တခြား အကြောင်း ကိစ္စတွေကြောင့်ရယ်နဲ့ လူတွေ တဖြည်းဖြည်း နည်းလို့ သွားခဲ့၏။ ခုဆို ကျနော်တို့ မြန်မာ အနေနဲ့ ပုံမှန်ရေးနေ၊ ပိုစ့်တင်နေသူက 10 ယောက် ပတ်ဝန်းကျင်လောက်သာ ရှိတော့မည် ထင်။ Power အများကြီး ရှိသူတွေ အများကြီး ရှိမည် ဆိုရင် ဆိုသည့် အတွေးကို မကြာခဏ တွေးဖြစ်၏။ Universal Language ကိုသာ ‌ကောင်းကောင်းကျွမ်းကျင်ရင် ကျနော်တို့ လူတွေရဲ့ ပိုစ့်တွေကလည်း rewards ကောင်းကောင်းရနိုင်သည့် ပိုစ့်တွေ ဖြစ်ပါ၏။ ခုတော့ မိခင် ဘာသာစကားနဲ့သာ ပိုစ့်တွေ တင်နေကြရင်း ရရင် ရသလောက် power စုနေခဲ့ကြ၏။ တချိန်ချိန် ဆိုသည့် အတွေးနဲ့ပေါ့လေ။

Power 1000 နဲ့ လူ 100 ရှိသည့် Community မဖြစ်နိုင်ခဲ့ရင်တောင် Power 10000 နဲ့ လူ 10 ရှိသည့် Community လေး ဖြစ်မယ်ဆိုရင်လည်း အဆင်ပြေပါ၏။ လက်ရှိ ရေးနေ တင်နေသူတွေကလည်း ထိုအတွေး ထိုအိပ်မက်နဲ့ပဲ ခရီးဆက်နေကြသည် မဟုတ်လား။ တချိန်တော့ ကိုယ့် Community တွင်းက လူတွေရဲ့ vote နဲ့တင် ပိုစ့်တခုကို rewards 10$ ရလာတာမျိုးတွေ ရှိလာနိုင်၏။ လောလောဆယ်တော့ 1$ ပန်းတိုင် အရင်ပေါ့လေ။ အချိန်ကြာဦးမှာ မှန်ပေမယ့် ကျနော်တို့က ရပ်နေတာမှ မဟုတ်ဘဲ။ ကိုယ့်ခွန် ကိုယ့်အားနဲ့ သွားနိုင်၊ လျှောက်နိုင်သလောက် လျှောက်လှမ်း နေကြသည် မဟုတ်လား။ ကြိုးစားနေသူအတွက် ပန်းတိုင်ဆိုတာ မဝေးပေ။ အားလုံးပဲ ပိုစ့်တွေတင်ရင်း power တွေ အများကြီး မြန်မြန် စုနိုင်ကြပါစေ။

(photos created by Canva)

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency