Sound Mod

Dolby နဲ့ Viper4 က ကျနော့် အကြိုက်ဆုံးတွေ ဖြစ်၏။ အသံပိုင်းနဲ့ ပတ်သက်ပြီး တကယ်မိုက်တဲ့ Mod modules တွေ ဖြစ်၏။ ဟိုး ယခင် Sony M4 aqua လေးက စလို့ viper4 ကို တောက်လျောက် သုံးခဲ့၏။ ဘယ် ph ပြောင်းပြောင်း၊ ဘယ် rom ချိန်းချိန်း viper4 ကတော့ မဖြစ်မနေ ပြန်သွင်းနေကြ ဖြစ်၏။ viper4 module နဲ့က တကယ့်ကို သီချင်းနားထောင်ရတာ အရမ်း မိုက်၏။ နားကြပ် အကောင်းစားကြီး မရှိလည်း အေးဆေး viper4 လေးသာ ရှိရင် ပြီးပြီ။ သူက တကယ့်ကို အကြမ်းစား sound mod တွေ ဖန်တီး ပေး၏။

Dolby atoms ကတော့ ခု ph မှာမှ ထည့်သုံး ကြည့်ဖူးခြင်း ဖြစ်၏။ ခုနောက်ပိုင်း ph တော်တော်များများမှာတော့ dolby atoms က build in ပါလာပြီး ဖြစ်၏။ ကျနော့် ph လို modern အဟောင်းတွေမှာတော့ မပါပေ။ ထို့ကြောင့် Magisk ကနေ တဆင့် သွင်းကြခြင်း ဖြစ်၏။ သူကလည်း ph ၏ အသံပိုင်းကို improve ဖြစ်စေ၏။

အကြမ်းဖျဥ်း ခွဲပြရရင် viper4 က နားကြပ်နဲ့ သီချင်းတွေ ဘာတွေ နားထောင်ဖို့ အတွက် ဖြစ်ပြီး Dolby ကတော့ ph ၏ speaker ပိုင်း အတွက် ဖြစ်၏။ ခု EvolutionX မှာက မနေ့က ရေးခဲ့သလို Dolby ရရင် viper4 မရ၊ viper4 ရရင် Dolby မရ ဖြစ်နေခဲ့၏။ ကျနော်က နားကြပ်နဲ့ သီချင်းနားထောင်ရတာကို ပိုနှစ်သက်သူ ဖြစ်သဖြင့် viper4 သာ သွင်းထား၏။ Dolby သွင်းကြည့်ဖို့ ကြိုးစား ပေမယ့် နည်းလည်းကုန်၊ မရလည်း မရသည့် အဆုံး အခြား sound mod တခု ပြောင်းစမ်းကြည့်ဖို့ တွေးထား၏။

NLsound mod ဖြစ်၏။ သူကလည်း dolby လိုပဲ ph ၏ အသံပိုင်းဆိုင်ရာကို improve ဖြစ်စေ၏။ အစောပိုင်း NLsound mod တွေက ခုလောက်ထိ မကောင်းကြသေးပေ။ function လည်း နည်းနေသေး၏။ နောက်ပိုင်းမှ အတော်ကြီး မိုက်၊ ကောင်းလာခဲ့၏။ Dolby မရသည့် အတူ NLsound ပဲ စမ်းကြည့်တော့မယ် ဆိုပြီး download ဆွဲပြီး Magisk ကနေ flash လိုက်ဦး။ သူပြောထားသည့် steps တွေအတိုင်း လိုက်လုပ်လိုက်ရုံပင် ဖြစ်၏။

Flash ပြီး reboot လုပ်ပေါ့။ Magisk module သွင်းတိုင်း ph ကို reboot လုပ်ပေးရလေ့ ရှိ၏။ module အသက်ဝင်အောင်ပေါ့။ အဆင်ပြေ၏။ Dolby သွင်းထားသလိုပဲ အသံပိုင်းမှာ အတော်လေး အဆင်ပြေ၏။ ကဲ ခုတော့ viper4 နဲ့ သီချင်း နားထောင် မလား။ video တွေကို NLsound mod နဲ့ ကြည့်မလား အေးဆေး ဖြစ်သွားခဲ့ပြီ ဖြစ်၏။

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency