Run Buddy Run

fb_img_1638790212152

ဒီနေ့တော့ Game လေး တခုနဲ့ မိတ်ဆက် ပေးလို၏။ ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ကောင်းသည့် ဂိမ်းလေး ဖြစ်၏။ ဂိမ်းက ပေါ့ပေါ့ပါးပါး ဆိုပေမယ့် အဓိပ္ပါယ်ကတော့ လေးနက်၏။ တော်လှန်ရေး နှင့်ပတ်သက်သည့် လိုအပ်သည့် နေရာတွေမှာ ကူညီနိုင်ဖို့ပေါ့။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး အမျိုးမျိုးသော App လေးတွေ ထွက်ပေါ်လာခဲ့၏။ click နှိပ်၊ video ကြည့်၊ ဂိမ်းကစား အစရှိသဖြင့်ပေါ့။ App အားလုံးက Google Ad sense နဲ့ ချိတ်ထားပြီး ကြော်ငြာတွေကနေ တဆင့် ဝင်ငွေရအောင် လုပ်ထားခြင်း ဖြစ်၏။ ထို ဝင်ငွေကို လိုအပ်တဲ့ နေရာတွေမှာ ပြန်လည် အသုံးချ၏။

ဂိမ်း နာမည်က RunBuddyRun ဖြစ်၏။ ပေါ့ပေါ့ပါးပါးနဲ့ တကယ် ဆော့ ကစားလို့ ကောင်း၏။ ပြေးနေသည့် တိုင်းရင်းသားလေးက စခ တွေ၊ အခက်အခဲတွေကို ဖြတ်ကျော် ပြေးလွှား ရင်ဆိုင် ယှဥ်ပြိုင်ခြင်း ဖြစ်၏။ လောလောဆယ် တိုင်းရင်းသား character (4) ခု ရှိ၏။ နောက်ပိုင်းမှာတော့ character တွေ ထပ်တိုးလာဖို့ ရှိ၏။

အပျင်းပြေ ပေါ့ပေါ့ပါးပါး ဆော့ကစားရင်း ကြော်ငြာတွေ ကြည့်ပေးခြင်းဖြင့် တဖက်တလမ်းကနေ ကူညီနိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံပါနဲ့လို့။ လောလောဆယ်တော့ Android တွေ အတွက်ပဲ ရပါဦးမယ်ဗျ။ Game Link ကိုပါ တပါတည်း ထည့်ပေးလိုက်ပါတယ်။

အားလုံးပဲ
Stay Safe, Stay Strong

#RunBuddyRun
#PlayToDonate

Download Link (Android)

https://play.google.com/store/apps/details?id=com.RunBuddyRun.Game

img_0.9071189768907326

img_0.9632967102651997

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency