ပြည်သူ့သံပုံး (ဗုံး) (၇၁)

img_0.7396728979294764.jpg

ငါတို့ပဲ ငိုရမှာလား
သူတို့ကော
ဘယ်တော့ ပူလောင် နာကျင်မှာလဲ

အတုံအလှည့် သဘောကို
ကောင်းကောင်းကြီး
နားလည်ပေမယ့်
ပေးဆပ်နေရမှုတွေက
များလိုက်တာ
ကြီးလိုက်တာ

ဒါကြောင့်ပဲ
ဒီ တန်ဖိုးကြီးလွန်းတဲ့
ဒီမိုကရေစီကို ငါတို့ ရအောင် ယူမှာ

အလို မရှိ သီချင်း စာသားလေးလို
အနိုင်ရရင် က ချင် က မယ်
အနိုင်မရခင် သွေးတွေကတော့
ရဲရဲ နီပဲ

အနိုင်ဖို့
ငါတို့ သွေးတွေ
ဆက်ရဲ ဆက်စည်းရုံး ဆက်ချီတက်မယ်
အရေးတော်ပုံအောင်ရမည်

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

Don Jaun

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency