ပြည်သူ့သံပုံး (ဗုံး) (၆၈)

img_0.7396728979294764.jpg

နှစ်သစ်ကူးတော့မယ်
ဒါပေမယ့်
ငါတို့ မပျော်

မနှစ်က ငဗစ်ကြောင့်
ဒီနှစ်က ကြောင်ချီးကြောင့်
ငဗစ်ထက် ကြောင်ချီး (ငပု) က
ပိုဆိုးတယ်

တကယ် ... မယုံမရှိနဲ့
ပြည်သူတွေ
ဒုက္ခ ရောက်မှ သေကြေ ပျက်စီးမှ
အိပ်ပျော်စားဝင်တဲ့ သူတွေ ရှိတယ်

သူတို့က လူတွေ လားလို့ မေးရင်
ငါ့မှာ ဖြေရ ခက်တယ်

သေချာတာ တခုကတော့
(၃၁) ဘုံမှာ အယုတ်မာဆုံး
သတ္တဝါတွေပဲ

လူယုတ်မာတွေက တော်တော်နဲ့
မသေကြဘူးရယ်
အကုသိုလ် ပါဆယ် ထုပ်ဖို့
သူတို့ အသက်ရှည်ကြတယ်

ဖြစ်ချင်တာတွေ ဖြစ်ပြီးရင်
မဖြစ်ချင်တာတွေ ဖြစ်ရတယ်
အဲ့လိုပဲ
မဖြစ်ချင်တာတွေ ဖြစ်ပြီးရင်
ဖြစ်ချင်တာတွေ ဖြစ်ရမယ်

ငါတို့ချည်း ခံနေရမှာမှ မဟုတ်ဘဲ
သူတို့ အလှည့်လည်း
ရောက်လာမှာပေါ့

အရင်းအပြင် အတိုးတွေပါ
ပေါင်းမှာ ဆိုတော့
ခံနိုင်ရည်ရှိအောင်
ပြင်ဆင်ထားကြပေါ့ကွာ
ကမ္ဘာ မကြေဘူး ဟေ့

ရှူး... ရှူး ... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

Don Jaun

Join the conversion now