အိမ်ရှင်တွေ ဖမ်းထားပြီး
အိမ်စောင့် အစိုးရတဲ့
အာဏာကို
ငမ်းငမ်းတတ် လိုချင်နေတာများ
ကောက်ရိုးပုံစောင့် ခွေးကြီးကြနေတာပဲ
ကိုယ်မရလည်း သူများ မပေးဘူး ဆိုပြီး
ထိုးထိုးဟောင်နေတာ
အချို့က မယူသော်လည်း ရတယ်
ဒင်းတို့ကြ ယူပေမယ့် မရ
ယူထားပြီလို့သာ
အသံကောင်း ဟစ်နေတာ
အကုန်ရပလား အကုန်ပိုင်ပလား ဆိုပြန်တော့
အဲ့ကျတော့ အဲ့ကျတော့ လုပ်ဦးမယ်
သူများကိုကြ
တရားမဝင် အသင်း၊ လေလှိုင်း အစိုးရတဲ့
သူတို့ကိုယ်တိုင်ကြ
ဘာမှ အပိုင်မရတဲ့ အစိုးမရ
ပြည်သူ့ မေတ္တာ မရှိဘဲ
ဘာမှ အပြီးအပိုင် ရမှာ မဟုတ်ဘူး
ပြည်သူ့ နှလုံး သိမ်းနိုင်ဖို့ နေနေသာသာ
ပြည်သူ့ အမုန်းတွေ ကိုတောင်
ဒင်းတို့ အကုန် မခံစားရသေးဘူး
အင်းပါ
အိမ်ပဲ စောင့်ရမလား
သေမိန့်ပဲ စောင့်ရမလား
ကြည့်ပါဦးမယ်
ကြောင်ချီးတို့
ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား
#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar