ပြည်သူ့အောင်ပွဲ (၆၆)

img_0.7396728979294764.jpg

မပျော်ရတာ ကြာခဲ့ပြီ
ပျော်စရာဟာ တနေရာမှာ ရှိနေခဲ့
ငါတို့ကို စနောက်ဖို့
အချိန် အခါကောင်းကို စောင့်နေခဲ့

တရက်ရက် တချိန်ချိန် ကြမှ
အကွယ် တနေရာက ထွက်လာပြီး
"ဘွား" ဆိုပြီး လုပ်ပါလိမ့်မယ်

ငါတို့ ပျော်ရမှာပါ
တကယ် ပျော်ရမယ်
မျက်ရည်တွေနဲ့ကို ပျော်ရမယ်

အတူ မရှိနိုင်တော့တဲ့ သူတွေ အတွက်
ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပေမယ့်
အတူရှိနေသလိုပဲ မှတ်ယူပြီး
ကြိုးစား ကြရအောင်

အဆုံးသတ်တိုက်ပွဲ ငါတို့တိုက်မယ်
အောင်ပွဲ မဝေးတော့ပြီ

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency