ပြည်သူ့ သံပုံး (ဗုံး) (၇၂)

img_0.7396728979294764.jpg

တခါတလေ
ပျော်စရာဟာ
နာကျင် ဝမ်းနည်း စရာကြား
ပုန်းကွယ်နေတတ်တယ်

ဘယ်လိုပင်
ပုန်းကွယ်ကွယ်
သူ့ အချိန်အခါ
ရောက်လျှင်တော့
ပွင့်သစ် ထွက်ပေါ်လာရမြဲ

ငါတို့
ရည်ရွယ်ချက် ကောင်းတယ်
ရည်စူးမှု မှန်တယ်
အမှန်တရားကို ရှေးရှုတယ်
စည်းလုံးပြီး ရဲရင့်ကြတယ်

ဒီလို လူမျိုးတွေမှ
ဒီမိုကရေစီ မရရင်
ဘယ်လို လူတွေ ရလိမ့်မလဲ

မတရားခြင်းနဲ့ ဝမ်းနည်းခြင်းတွေ
နောက်ဖေးပေါက်က
ထွက်ခွာသွားပြီးနောက်
တရားမျှတ တန်းတူ ညီမျှခြင်းဟာ
အမှန်တရား
ပျော်ရွှင်ခြင်းတို့ နှင့်အတူ
အိမ်ထဲ ဝင်ဖို့
အိမ်ရှေ့တခါးမှာ
စောင့်ဆိုင်းနေလေရဲ့

ကဲ
ငါတို့ တံခါးတွေ ဖွင့်လိုက်ရအောင်

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

Don Jaun

1 Comment