ပြည်သူ့ သံပုံး (ဗုံး) (၆၇)

img_0.7396728979294764.jpg

ပင်ပန်းပေမယ့် အားတင်း
ရင်နာရလည်း အားတင်း
မျက်ရည်ကျလည်း အားတင်း
ကြေကွဲရလည်း အားတင်း

နာကြည်းမှုကို မွေးမြူ
မျှော်လင့်ချက်နဲ့ အားယူ
အောင်စိတ်နဲ့ ဆက် ချီတက်

တော်လှန်ရေး စိတ်နဲ့
အိပ်ယာဝင်
တော်လှန်ရေး စိတ်နဲ့
နိုးထ
တော်လှန်ရေး စိတ်နဲ့
နေ့စဥ် ရှင်သန် ကူးခတ်

မေခလာ နတ်သမီး
ကယ်တာက ကယ်တာ
ကိုယ့်အားကိုယ်ကိုး
ကူးခတ်နေရမှာကိုလည်း
မမေ့နဲ့

အရေးတော်ပုံအောင်ရမည်

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

Don Jaun

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency