ပြည်သူ့ သံပုံး (ဗုံး) (၂၅)

img_0.7919704944210483.jpg

နွေဦးဆိုတော့
လေရူးတွေလည်း တိုက်ပေါ့
လေရူး နဲ့အတူ ခွေးရူးတွေလည်း ထပေါ့

ခွေးရူးကောင်းစား တမွန်းတည့်တဲ့
မသေခင်တော့ မြင်မြင်ရာ
ဆွဲကိုက်မှာပဲ

လက်ပန်ပွင့်တွေလည်း ကြွေ
ခွေးရူးတွေလည်း သေ

လေရူးနဲ့ ခွေးရူးတွေ
ပျက်ကြွေ ပြီးသွားရင်
ငါတို့ အတွက် နွေဦးက ဖူးပွင့်ပြီလေ

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

Don Jaun

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency