NUG Pay

fb_img_1638790212152

NUG က မကြာမီ NUG pay ကို မိတ်ဆက် ပေးတော့မည် ဆို၏။ အစောပိုင်းမှာတော့ Android တွေ အတွက် အရင် ရမည် ဖြစ်၏။ ပြီးမှ IOS တွေ အတွက် ရမည် ဖြစ်၏။ တရားဝင် မကြေငြာခင် သတင်းသဲ့သဲ့ ကြားစဥ် ကတည်းက NUG pay ကို ရင်ခုန်စိတ်လှုပ်ရှားစွာ မျှော်လင့် နေမိ၏။ ခု တကယ်လည်း တရားဝင် အတည်ပြု ကြော်ငြာလိုက်ရော ပီတိတွေ ဖြာသွားခဲ့ရ၏။

1 DMMK က 1 MMK နှင့် ညီမျှသည်ဆိုသည့် ပိုစ့်ကိုလည်း ဖတ်လိုက်ရရော အနည်းငယ်တော့ ဘဝမကျချင်သလို ဖြစ်သွား၏။ ဒါကလည်း တကိုယ်ရေစာ အမြင် ခံစားချက် သက်သာပါ။ ကျနော် ထင်မြင် မျှော်လင့်ထားမိတာက NUG ကနေ ထုတ်မည့် digital currency က USTD, BUSD တို့လိုမျိုး ပြင်ပက US dollar နဲ့ ညီမျှထားမယ်လို့ ထင်ထားခဲ့သည်ကိုး။

img_0.8775083723385284

img_0.030434801754789707

images from NUG pay Facebook page

btc တို့ eth တို့ bnb တို့လိုမျိုးတော့ မလာနိုင်လောက်ဘူးလို့ တွေးထားမိပြီးပါရဲ့။ ခုလို 1 DMMK = 1 MMK ကတော့ လူကို နည်းနည်းတော့ ကလိကျလိ ဖြစ်စေသား။ သို့ပေမယ့် NUG မှာလည်း သူ့ အစီစဥ်နဲ့သူ ရှိပေလိမ့်မည်။ ပြည်တွင်းသုံးရန် အဓိက ရည်ရွယ်ထားသည် ထင်ပါ၏။ ထို့ကြောင့်လည်း အပြင် တကျပ်နဲ့ အွန်လိုင်း ငွေကြေးတကျပ် အတူတူ သတ်မှတ် ထားပေးလိုက်ခြင်း ဖြစ်မည်။

NUG pay က လွယ်လွယ် ပြောရလျှင် Kpay နဲ့တောင် ဆင်တူ ချင်ချင်ရယ်။ KBZ pay ကတော့ NUG pay ထွက်ပေါ်လာမှုကြောင့် မျက်ခုံး လှုပ်ချင်ချင် ဖြစ်မည်ထင်။ စကစ အလိုကျ တော်လှန်ရေး၌ ပါဝင်သူများ၏ account တွေကို ပိတ်ပစ်ခြင်း၊ account ပိုင်ရှင်၏ အချက်အလက်များကို စကစဟား ပေးခြင်းတို့ကြောင့် ပြည်သူတွေ ထိခိုက်ခဲ့ရသည် မဟုတ်လား။

NUG pay သာ တွင်ကျယ်လာပါက လက်ရှိ ပြည်သူတွေ ကြုံတွေ့နေရသည့် အခက်အခဲတွေ အထိုက်အလျောက် ပြေလည်သွားဖို့တော့ မျှော်လင့် မိ၏။ App ထွက်လာပါက App လုံခြုံရေးကို သေချာ ဂရုစိုက်ဖို့ လိုမည်။ ဒါကလည်း တာဝန်ရှိသူတွေ သိရှိနားလည် ပြင်ဆင်ထားပြီး ဖြစ်မည်ထင်။ တကယ်တော့ App လုံခြုံရေး ထက် သုံးမည့်သူများ၏ လုံခြုံရေးက ပိုသတိထားရမည်ထင်၏။ VPN app လေးတွေ့ရင်တောင် ပြဿနာ ရှာနေကြသည် မဟုတ်လား။ ခုလို NUG pay app ကိုသာ phone ထဲမှာ တွေ့လို့ကတော့...

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency