My Favorite Font (Ubuntu font: Final Chapter)

ကျနော် သုံးချင်သည့် Ubuntu font က စနစ် မဟုတ်ပေ၊ font style သာ ဖြစ်၏။ Zawgyi မှာပဲ ဖြစ်ဖြစ်၊ Unicode မှာပဲ ဖြစ်ဖြစ် ရ၏။ နို့ပေမယ့် build in မပါသဖြင့် root ဖောက်ရ၏။ ပြီး ကျနော်က တခြား tweak & customize တွေလည်း လုပ်လိုသဖြင့် root ဖောက်၏။ တချက်ခုတ် သုံးလေးချက် ပြတ်ပေါ့။

လက်ရှိ အချိန် အကြာဆုံး သုံးဖြစ်နေသည့် mi CC9 (mi 9 lite) မှာတော့ Ubuntu font က သိပ်မခက်ပေ။ root မလုပ်လိုလျှင်လည်း font ချိန်းလို့ရ၏။ eu ROM တော့ ဖြစ်ဖို့ လို၏။ eu ROM မှာ font ချိန်းဖို့ build in ပါ၏။ Ubuntu font လည်း ပါ၏။ china ROM မှာတော့ font ချိန်းလို့ရပေမယ့် ကန့်သတ်ချက်တွေ ရှိနေ၏။ ပြီး Ubuntu font မရပေ။ Theme font အဖြစ် ပြောင်းပြီး သုံးမှ သွင်းမှ ရ၏။

MIUI မသုံးဖြစ်တော့သည့် နောက်ပိုင်းမှာ Ubuntu font သွင်းရဖို့က သိပ်အပန်းမကြီးတော့ပေ။ custom font list ထဲမှာ Ubuntu က build in ပါ၏။ ဒီအတိုင်း ချိန်းပြီး သုံးရုံပင်။ နို့ပေမယ့် ဒ့ကလည်း မိမိသုံးသည့် custom ROM အမျိုးအစားပေါ် မူတည်သေး၏။ တချို့ custom ROM တွေမှာက Ubuntu font build in မပါပေ။ မပါလည်း Magisk နှင့် root ဖောက်ပြီး font manager module သွင်းပြီး font ချိန်းလိုက်ရုံပင်။ ဒီအတိုင်းလည်း ကျနော်က root လုပ်ပြီးမှပဲ သုံးနေသူကိုး။

တောက်လျှောက် အဆင်ပြေနေခဲ့သည့် font manager က တလောက ထဖောက်၏။ ယခင်လို module zip file တခုထဲ သီးသန့် မဟုတ်တော့ဘဲ app လေးတခုနှင့် တွဲသုံးရ၏။ ယခင် version တုန်းက Termux မှာ cmd ခေါ်ပြီး font ချိန်းရပေမယ့် ယခု version အသစ်မှာက app ထဲကနေ ဝင်ပြီး font ချိန်းရ၏။

အစောပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်းကြ အဆင်မပြေတော့ပေ။ ဘာနဲ့ ဘယ်လို သွားငြိသည် မသိ။ Google play store ဝင်မရတော့ပေ။ Google နဲ့ ဆိုင်သည့် ကိစ္စတော်တော်များများ အလုပ် မလုပ်တော့ပေ။ သို့နှင့် အဆိုပါ module ကြောင့်လားပဲ ဆိုပြီး ဖြုတ်ကြည့်မိ၏။ သူ့ကို ဖြုတ်လိုက်တော့ Google နှင့် ဆိုင်တာတွေ ပြန်သုံးလို့ ရသွား၏။ သေချာအောင်ဆိုပြီး အဆိုပါ module ကို ထပ်သွင်း ကြည့်၏။ Google service တွေ သုံးမရတော့ပေ။ သေချာ သွားပါပြီ သူနဲ့ ငြိနေတာ။ အဆိုပါ module ကြောင့်ပဲလား၊ Magisk manager ကပဲ update ဖြစ်သွားလို့ အဆိုပါ module နဲ့ conflict ဖြစ်သွားသည် ထင်ပါရဲ့။

သို့နှင့် အခြား font ချိန်းလို့ရသည့် module တွေ၊ နည်းလမ်းတွေ လိုက်ရှာရတော့၏။ Ubuntu font module ဆိုပြီး သီးသန့် font တခုထဲ module လေးသွားတွေ့၏။ အဆိုပါ module ကို သွင်းလိုက်၏။ font လည်း ချိန်းသွား၏။ Google ဘာညာလည်း အထစ်ငေါ့ မရှိ အဆင်ပြေပြေသုံးလို့ ရ၏။ ခုမှပဲ အဆင်ပြေသွားတော့၏။

Ubuntu font အပေါ် အဲ့လိုမျိုး စွဲလမ်းတာပါ ဆိုနေ။

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency