မခိုင်းရ မနေနိုင်လို့

uyhhhmzuxp.jpg

တရက်က facebook မှာ video အတိုလေး တခု ကြည့်ရ၏။ ဟာသ ဗီဒီယို လေးပါ။ အမေနှင့် သူ့သား နှစ်ယောက်သာပါ၊ နှစ်ယောက်ထဲ သရုပ်ဆောင် ထားခြင်း ဖြစ်၏။ အမေက သားကို ပစ္စည်းတွေ ယူခိုင်းခြင်း ဖြစ်၏။ ပစ္စည်းနှင့်သူက နီးနေပြီး သားနှင့်က ဝေးနေ၏။ ဒါကိုပဲ ယူခိုင်းခြင်း ဖြစ်၏။ တဖက်လူက ခြေလှမ်း (၁၅) လှမ်း လောက် လှမ်း​ ရမည်ဆိုရင် သူက ခြေလှမ်း နှစ်လှမ်း လောက်နှင့် ရောက်နိုင်နေ၏။ ဒါကိုပင် ယူခိုင်းနေခြင်း ဖြစ်၏။ အကျင့်ပါနေခြင်း ဖြစ်၏။

ဒါက video ထဲမှာတင် မဟုတ်။ ပြင်ပမှာလည်း ထိုသို့သော လူမျိုး များ ရှိ၏။ ဝေးဝေး မပြောနဲ့ ကျနော့် အမလည်း ထို အတိုင်းပင်။ တခုခုဆို ဟိုဟာလေး ယူပေးပါဦး၊ ဒီဟာလေး ယူပေးပါဦးနဲ့။ နီးနီးဝေးဝေး ခိုင်းတော့၏။ တအိမ်လုံး သူ့ အခိုင်းနှင့် လွတ်သူ မရှိသလောက်ပင်။

တခါတလေးများ ph အားသွင်းထားတာကို တယောက်ကို ကြိုးဖြုတ်ခိုင်း၏။ သူက ကျောပေးလျက် အနေအထား။ လှည့်ပြီး ဖြုတ်လိုက် ရုံသာ။ တခုတော့ ရှိ၏။ အမက ဘုရားကန်တော့ဖို့ ပြင်နေ၏။ ဒါပေမယ့် စမှ မကန်တော့ရသေးတာ ဒီအတိုင်း လှည့် ဖြုတ်လိုက် ပြီးပြီပေါ့။ မဟုတ် အိပ်ယာထဲဝင် အိပ်ဖို့ ပြင်နေသည့် တူတော်မောင်ကို ခေါ်ပြီး ဖြုတ်ခိုင်း၏။ အဲ့လိုပါဆို။

img_0.3027100909049567.jpg

ဒါက လောလောလတ်လတ် မြင်သာတာကို ပြောပြခြင်း ဖြစ်၏။ ထိုသို့သော ပုံစံ မျိုးနှင့် ဆင်တူသည့် အရာများ များစွာ ရှိသေး၏။ ထိုသို့ ခိုင်းတတ်သည့်သူမျိုး တအိမ်မှာ တယောက်လောက်တော့ ရှိမည်ထင်၏။ ကျနော်တို့ အိမ်မှာတော့ ကျနော့် အမပေါ့။ မလုပ်ပေးချင်လို့ရယ်တော့ မဟုတ်။ ဆိုခဲ့သည့် အတိုငး

သူကဝေး ကိုယ်က နီးနေလို့ဆို ထားလေ၊ ခုက ပြောင်းပြန်ကြီး မလား။ အကျင့်ဆိုတာက ခက်သားလား။ ပြင်ဖို့ခက်သား ဆိုတော့လည်း မဟုတ်၊ ပြင်သင့်လားဆိုတော့လည်း မဟုတ်၊ တအားကြီး ဆိုးရွားနေလို့လား ဆိုတော့လည်းမဟုတ်၊ မပြင်ဘဲ ထားရင်ကော အဆင်ပြေလား ဆိုတော့လည်း... အင်း... ။

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency