မင်္ဂလာရှိသော နေ့

ဒီနေ့ မနက်ခင်းကတော့ မင်္ဂလာ ရှိသော မနက်ခင်း အဖြစ် နိုးထ ခဲ့၏။ ဟ အဲ့ဆို အရင်ရက်တွေ မင်္ဂလာ မရှိခဲ့လို့လား မေးက မဟုတ်၊ အရင် ရက်တွေကလည်း မင်္ဂလာ ရှိခဲ့ပါ၏။ ဒီနေ့ကတော့ ပိုပြီး မင်္ဂလာ ရှိ၏။ အကြောင်း ရှိ၏။ မနေ့ညက ယူနိုက်တက် အမျိုးသားကော၊ အမျိုးသမီးအသင်းကော နိုင်ပွဲတွေ ရယူနိုင်ခဲ့ကြ၏။ ယူနိုက်တက် အမျိုးသားအသင်းက အဲဗာတန်ကို (၂-၀)၊ အမျိုးသမီးအသင်းက ဘရိုက်တန်ကို (၀-၄) ဖြင့် အသီးသီး အနိုင်ရခဲ့၏။

ယူနိုက်တက် အမျိုးသားအသင်းကတော့ အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး အမျိုးသမီးအသင်းကတော့ FA Cup ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်၏။ အက်စတုန်ဗီလာနှင့် စပါးတို့ ခြေချော်မှသာ ယူနိုက်တက်တို့ အဆင့် ၄ နေရာ၊ ၅ နေရာတို့ကို မှန်းနိုင်မည် ဖြစ်၏။ နို့ပေမယ့် ဒီကြားထဲ သူများက ခြေမချော်ဘဲ ကိုယ်က ခြေစွမ်း မတည်မငြိမ်နဲ့ ၂ ပွဲဆက် ရှုံးသွားခဲ့၏။ လိုက်လေ ဝေးလေ ဖြစ်သွားခဲ့၏။

မနက် ၁၂ နာရီ (မြန်မာစံတော်ချိန်) မှာ ကစားသည့် အာဆင်နယ်နှင့် ဘန်းဖိုစ့်တို့၏ ပွဲစဉ်မှာတော့ အာဆင်နယ်က (၂-၁) ဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာကို ယာယီ တက်လှမ်းထား၏။ ယနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၁၅ မိနစ်မှာ ကစားမည့် လီပါပူးနှင့် မန်စီးတီး တို့ပွဲသာ သရေကျခဲ့ရင် အာဆင်နယ်တို့ ဇယားထိပ်မှာ ဆက်လက် ရပ်တည်ခွင့် ရနေမည် ဖြစ်၏။

ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်ကို Super Sunday မှာ လီပါပူးနှင့် စီးတီးတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ အနိုင်ရသည့် အသင်းက အဆင့် ၁ နေရာသို့ တက်လှမ်းရမည် ဖြစ်၏။ ထပ်ဆုံး ၃ သင်း၏ အမှတ် ကွာဟချက်က မများပေ။ ဘယ်အသင်စ ချန်ပီယံ ဖြစ်မည်က အတော်လေး မှန်းရခက်သည့် အနေအထားပင်။ အဆိုပါ ၃ သင်းကို ကျော်ပြီး ချန်ပီယံ ဖြစ်နိုင်မည့်အသင်း မရှိဟု ပြောလို့ရ၏။

အက်စတုန်ဗီလာ၊ စပါးနှင့် မန်ယူနိုက်တက်တို့ကတော့ လက်ကျန် ချန်ပီယံလိဂ် ဝင်ခွင့် တနေရာစာ အတွက် တိုက်ပွဲ ဝင်သွားကြရဖို့ ရှိနေ၏။ အဆိုပါ ၃ သင်းလုံး၏ အနေအထားက ခန့်မှန်းရ ခက်နေ၏။ ၃ သင်းလုံး၏ ရလဒ်၊ စွမ်းဆောင်ရည်တွေကလည်း မတိမ်းမယိမ်းကိုး။ နို့ပေမယ့် ကိုယ်တွေ ယူနိုက်တက်ထက်စာရင် ကျန် ၂ သင်းက ကောင်းပါသေးသည်ဟု ဆိုလို့ရ၏။

ချစ်မိမှတော့လည်း ဆက်လက်အားပေးရုံပေါ့။
Once Red Always Red.

(photo from Manchester United Teams Facebook page)

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency