ကြိုတွေး၊ ကြိုရေး

တခါတလေ အလျင်မီအောင် လုပ်ရတာကလည်း မောသား။ ဒီနေ့လိုမျိုး အလုပ်တွေ နည်းနည်းရှုပ်တဲ့ရက်ဆို ပိုလို့တောင် ဆိုးသေး။ ပိုစ့်တင်ဖို့ စာ ကြိုပြီး ရေးထားတာ ရှိရင်က တမျိုး၊ ခုက ကြိုရေးထားတာ မရှိလေတော့ တင်ခါနီးမှ ထရေးရတော့ ပိုစ့်တင်နေကြ အချိန် နောက်မကျ သွားစေရန် အလို့ငှာ ခပ်သော့သော့လေး ရေးရလေတော့၏။ တနေ့ တပိုစ့်ကတော့ ပျက်ကွက်လို့ မရပေ။ blacklist ထိထားတဲ့ ကာလ ရက်ပေါင်း (40) စာ အတွက် ပြန်ဖြည့်တင်းရပေလိမ့်ဦးမည်။ power လိုသည် မဟုတ်လား။

ကျနော့် အနေဖြင့် လတိုင်း၏ power up အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ ပိုစ့်တင်ရာကနေ ရသည့် rewards တွေကို တကိုယ်ရေစာ သုံးလိုက်ရသဖြင့် power up နိုင်ခြင်း မရှိပေ။ ယခင်လို စာသင်၊ ဘာညာ အလုပ်တွေ ဘာတွေ ရှိနေရင်တော့ ပုံမှန် power up နိုင်ကောင်းလောက်၏။ power မ up နိုင်ပေမယ့် ခုလည်း ပိုစ့်တင်ရင်းက ရသည့် rewards တွေကို 50/50 ခွဲထားတဲ့ထဲက ပိုသည့် HBD ကို သုံးခြင်း ဖြစ်၏။ power မ up ဖြစ်ပေမယ့် power down ဖို့တော့ အစီအစဉ် လုံးဝ မရှိပေ။

Rewards မရသည့် ကာလမှာတုန်းကတော့ saving ထဲက HBD အချို့ကို ထုတ်ယူသုံးခဲ့ရသေး၏။ ကျနော့် HBD 10000 saving target က 10000 မပြောနဲ့ 1000 နားတောင် ရောက်နိုင်ဖို့ ဝေးနေခဲ့သေး၏။

Power down ဖို့ စိတ်ကူး မရှိပေမယ့် power delegate လုပ်ခြင်းကိုက သင့်တော်သည့် project တွေ ရှိလာပါက လုပ်ဖြစ်၏။ လူ့စိတ်ကလည်း ရယ်ရသား၊ Hive ကို ထုတ်ရောင်းရမှာထက် တခြား tokens ကို ရောင်းပစ်ရတာမျိုးက ပိုပြီး ခံသာသည် ထင်မိ၏။ ရောင်းဆိုပေမယ့်လည်း ရောင်းရလောက်အောင် ပမာဏအထိတော့ မရောက်သေးပေ။ Hive တင် မက၊ Hive နဲ့ ပတ်သက်သည့် ပျိုးပန်းခင်းတွေက အခုမှ အစပြု ထားနိုင်ချိန် မလား။

တချိန်ချိန် တချိန်ချိန် ဆိုသည့် အတွေးလေးတွေနဲ့ နွားပိန် ကန်ကောင်းပါရဲ့။ ဒီလိုပဲ အသီးလေး စားရနိုး အပင် စိုက်ကြရတာပါပဲလေ။

I delegate some Hive power to ecency, lolz, indiaunited for getting extra rewards. I think most people already know these three. Today I want to tell you about lolz and group of lolz tokens. The price of 1 lolz is about 0.003$ (0.009 Hive). Not too much but not too low. Just a fair price for me.

I get back lolz and some other tokens (partner tokens) by delegating hive power and by staking lolz tokens. I intend to increase my daily lolz rewards. So I stake and stake again. Moreover I get back IUC tokens by delegating hive power to indiaunited and also get ecency points and hive by delegating hive power to ecency.

Delegate is not too bad. If you don't have enough Hive power please don't delegate too many. We need hive power to vote our friends and community.

Let grow and rise together.

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency