Crypto currency တွေကတော့ အတော်လေး ထုရိုက်ခံထားရပုံပင်။ ပုံနေအောင်များ အရိုက်ခံထားရလေလား မသိ။ တော်တော်နဲ့ကို ပြန်မထလာပေ။ ကိုဟင် ပြောဖူးသည့် တချိန်တခါက crypto currency ၏ သွေးစွန်းသော ကာလများထက်ပင် ဆိုးနေသလိုပင်။ အင်းလေ ခုဟာက ငဗစ် အလွန် ငစစ်တွေနဲ့ ထပ်တွေ့တာကိုး။
ငစစ်နဲ့ တွေ့တာက ကျနော်တို့ တိုင်းပြည် တခုထဲ မဟုတ်ပေ။ ရရှား ယူကရိန်း မှာလည်း စစ်က မွှေ၏။ ထိုဂယက်က ကမ္ဘာ့ စီးပွားရေးကို ရိုက်ခတ်တော့၏။ အပြင် စီးပွားရေး တင်မက အွန်လိုင်း ငွေကြေးတွေ အပေါ်မှာပါ သက်ရောက်စေခဲ့၏။ ထပ်ဆုံးက btc, eth, bnb တို့ တအိအိနဲ့ ထိုးဆင်း နေတာများ ပြန်တက်မယ့် လမ်းကို မမြင်သေးပေ။ ခေါင်သူကြီးတွေက အခြေအနေ မကောင်းတော့ အခြား tokens လေးတွေမှာ ပိုလို့ ဆိုးတော့၏။
ဒီကြားထဲ လူနာ ဆိုသည့် တိုကင်ကလည်း ဒုက္ခ ပေးသွားသည်ကိုး။ အနှီ တိုကင် ဝယ်ထားသူတို့ အရှုံးကြီး ရှုံးကြသဖြင့် အတော်လေး ပွဲဆူသွားသေးခဲ့သည် မဟုတ်လား။ အချို့များ မိမိ ကိုယ်ကိုတောင် သတ်သေကြသည် ဆိုပဲ။ အတော်လေး ဆိုးလှပေ၏။ crypto က အိပ်မက်တွေကို ဖြစ်ပေါ် လာစေသလို အိပ်မက်တွေကိုလည်း ဖျက်ဆီး ပစ်နိုင်၏။
တချို့ run လက်စ NFT projects တို့လည်း ဖျက်သိမ်း လိုက်ရတာတွေ ရှိ၏။ ဒီကာလကြီးမှာ ကျားကန်ထားနိုင်ဖို့က မလွယ်လှပေ။ အင်အား တစုံတရာ တောင့်တင်းနေမှသာ ခံသာပေလိမ့်မည်။ ဆင်ပိန်လည်း ကျွဲလောက်ပေါ့။ stable ဖြစ်ပြီးသား tokens တွေတောင် အခြေအနေက မကောင်းတော့ ခုမှ စ run သည့် projects လေးတွေ တောင့်ခံနိုင်ဖို့က တယ်လည်း မလွယ်လှပေ။
ကျနော်တို့၏ ဇာတ်လိုက်ကျော် Hive လည်း Superman, Super Hero မဟုတ်လေတော့ အများတကာတွေလိုပဲပေါ့။ မည်သို့ပင် ဆိုစေ ယခင်ကလည်း စျေးနည်းဖူးတော့ သိပ်တော့ မပူပေ။ ပြီး ကျနော်တို့က စျေးထက် စာရေးရ ပြီးရောတွေ မလား။ စျေးကျတော့ power စုလို့တောင် ပိုကောင်းသေးဟု ရှာကြံတွေးလို့ ရသေး၏။
ကိုင်စွဲနေကြ ထုံးအတိုင်းပဲပေါ့။ စျေးတက်၊ စျေးကျတာက သူ့ အလုပ် စာရေးပြီး ပုံမှန် ပိုစ့်တင်ဖို့က ကိုယ့်အလုပ်။
အားလုံးပဲ Hive power တွေ စုနိုင်ကြပါစေ။