ကယ်ပေါက် (ဂယ်ပေါက်)

fb_img_1638790212152

ဒီနေ့ စာရေးဖို့ ပျင်းနေ၏။ ခဏတဖြုတ်၊ တဖြတ်စာလောက် ပျင်းခြင်းဟု ဆိုရမလားပင်။ ကြိုတင်ရေးထားသည့် စာများကလည်း မရှိတော့ပေ။ မရှိတာက ကြိုမရေး ဖြစ်တော့လို့ ဖြစ်၏။ တရက် နှစ်ပိုစ့် ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောထားပြီး အလျင်မီအောင် တင်နေရ၏။ ကြာတော့ ကိုယ့်စာတွေကို ကိုယ်ပြန်ဖတ်မိသလောက် အရေအသွေးထက် အရေအတွက်ဖက် ပိုတောင် ရောက်သွားနေသလိုပင်။

မတတ်နိုင်။ လောလောဆယ်တော့ သည်းခံ ကြပါကုန်ဟုသာ တောင်းပန်ရပေမည်။ power ရချင်၊ စုထားချင်သည်ကိုး။ ထို့ကြောင့် တရက် နှစ်ပိုစ့်ကတော့ ရအောင်ကို ရေးရပေလိမ့်မည်။

ဆယ်တန်းတုန်းက ဆရာမတွေ ပြောဆို ဆုံးမ နေကြ စကားလေး တခွန်း ရှိ၏။ ဘာတဲ့ ပျင်းရင် ဖျင်းသွားမယ် ဆိုသလိုပေါ့။ ခုက ဖျင်းတော့ မဖျင်းသွားပဲ ပျင်းတာထက် ပိုပို ပျင်းသွားလေ့ ရှိ၏။ အနှီ စာရေးခြင်းကလည်း မတော်တဆ ရပ်မိလိုက်လျှင် တော်တော်နဲ့ ပြန်စလို့ မရပေ။ စိတ်လို လက်ရ ရှိချိန်များ ကြတော့လည်း တဒိုင်းဒိုင်းနဲ့ကို ရေး ဖြစ်၏။ အင်းလေ ကြိုတင် မရေးထား ဖြစ်တောင် တင်ခါနီးလေး အလျင်မှီ ရေးလို့ ပြီးခြင်းကိုပဲ ရှာကြံ ကျေးဇူး တင်ရပေမည်။

img_0.7750114156548141

power ကလည်း ပုံမှန်တော့ စုလာပေမယ့် သိပ်လည်း မတိုး၊ မများလာဘူးဟု ခံစားနေရ၏။ ခက်တာက ရသမျှ အကုန်လုံးကိုလည်း power အဖြစ် မပြောင်းနိုင်ဘဲကိုး။ ယခင် Steemit တုန်းကတော့ ပိုစ့်တိုင်းကို လာထား 100% power up ဆိုပြီး setting ထားနိုင်ခဲ့၏။ ခုလား... ။ power မ down ဖြစ်တာပဲ ထပ်မံပြီး ကျေးဇူး တင်ရမည်။ လက်ရှိ အခြေအနေရ 50% 50% ခွဲဝေယူထားပြီး HBD အချို့ကိုတော့ ထုတ်ထုတ်ရောင်းရလေ့ ရှိ၏။ လက်ရှိ အခြေအနေကလည်း အဲ့လို လုပ်မှပဲ ရပေလိမ့်မည်။ ဘယ်လို အခြေအနေပဲ ရှိရှိ power တော့ မ down ဘူးကွာဟု တွေးထား၏။

ထို အတွေးလေး ခိုင်မာနေဖို့ကိုလည်း ကိုယ့်ကို ပြန်ပြန် သတိပေးထား ရသေး၏။ ဒီကြားထဲ ဘာမှလည်း သိပ်မသုံးဖြစ်၊ မဝယ်ဖြစ်ဘူးကိုး။ wifi လစဥ်ကြေး ပေးရတာလောက်လေးသာ ရှိ၏။ အပြင်တွေ ဘာတွေလည်း သိပ်ပြီး သွား မလည်ဖြစ်တော့ ပိုက်ဆံလည်း သိပ် မသုံး ဖြစ်ပေ။ မည်သို့ပင်ဆိုစေ ဒီကာလကြီးမှာတော့ Hive လေး ရှိနေလို့ အသက်ရှူ ချောင်ရပါ၏။

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency