Home Stay (Chapter 231)

FB_IMG_1599214068459.jpg

တက်ရိပ် ပြလာသည့် steem, hive က ပြန်ကျသွားပြန်၏။ ဒီရက်ပိုင်း အနှီ coin (၂) ခုက အတက်အကျ ပြန်နေ၏။ အကျဖက်ကို ပိုဦးတည်နေ၏။ တရက်လောက် ကျနော် စိတ်ချမ်းသာအောင် တက်ပေးလိုက်တာများလား။ ပြန်ကော တက်ပါ့မလား။ ပြန်တော့ တက်ပါ။ ပြန်လည်း တက်လာလိမ့်မည်ဟု ယုံကြည်၏။ မတက်လို့ မဖြစ်၊ သူတက်လာမှ ကျနော့် အတွက် ပိုအဆင်ပြေပေလိမ့်မည်။ ကျနော် လိုချင်တာလည်း ရသွားပြီးမှ ပြန်ကျချင်ကျ၊ လောလောဆယ်တော့ တက်။

ခုက ရက်ပိုင်းအတွင်းကို ဈေးက အပြောင်းအလဲ အတော်လေး မြန်နေ၏။ ယခင်က ဈေးတန်း တခုမှာ အချိန်အတော်ကြာ ငြိမ်နေလေ့ ရှိပေမယ့် ယခုတလောမှာတော့ မငြိမ်နေပေ။ ရက်ပိုင်းတွင်းမှာကို အတက်အကျက များလွန်း၊ မြန်လွန်းလှ၏။ ဒီတခါ တက်လာလျှင်တော့ ဖမ်းရောင်းထားလိုက်မည်။ leo coin ဖက်ကိုလည်း နည်းနည်းတော့ လှည့်မှ ရဦးမည်။ ထို့ကြောင့် နောက်ပိုင်း ပိုစ့်တွေမှာ crypto currency အကြောင်းလေးတွေ ရေးရပေလိမ့်ဦးမည်။

Screenshot_2020-11-29-16-42-47-345_com.coinmarketcap.android.jpg

သိလို့ တက်လို့ ရယ် မဟုတ်ဘဲ coin ဈေး အပြောင်းအလဲ အပေါ် ကျနော့် ခံစားချက်များကို ပြောဆို ရေးသား ခြင်းမျိုး ဖြစ်၏။ ဘယ် coin က ဘယ်လို ဘယ်အခြေအနေ ဆိုပြီး ခန့်မှန်း ပြောဆို နိုင်ဖို့ကား ကျနော့်အတွက် မလွယ်ကူ၊ မဖြစ်နိုင်သေးပေ။ ဒီအတိုင်း မိမိလိုချင်သည့် coin လေး ရဖို့ စာလေးရေး၊ ပိုစ့်လေး တင်ပြီး ရသလောက် စုဆောင်းလိုခြင်းသာ။ coin ရှာခြင်း အိပ်မက်မျိုးစေ့ကို ကျဲရပေလိမ့်မည်။ အသီးအပွင့် ခံစားရဖို့ကတော့ အချိန် ပေးရပေလိမ့်ဦးမည်။

ကိုယ်ရွေးချယ်ခဲ့သည့်လမ်းက ရေရှည်လမ်းကိုး။ ရေတိုနှင့်တော့ ဘာမှ ထူးခြား လာမည် မဟုတ်သေးပေ။ အခြား မကြည့်နှင့် steemit ကနေ hive အကူးမှာ အကျိုး အမြတ်လေးတော့ နည်းနည်း ကျန်လိုက်၊ ရလိုက်သာ မဟုတ်လား။ နှစ်နှင့်ချီပြီး ရင်းနှီးခဲ့သည့် steemit ကို စွန့်ခွာခဲ့ရလို့ ဝမ်းနည်း စိတ်မကောင်းတာက တပိုင်း သက်သက်ပင်။ မည်သို့ပင် ဆိုစေကာမူ စ မိမှတော့ ဆုံးအောင် လျှောက်ရပေလိမ့်မည်။ ဆုံးဖို့ မရှိသည့် လမ်း ဖြစ်ပေမယ့် အတိုင်းအတာ တခုထိ ရောက်ခဲ့ ရှိခဲ့လျှင်တော့ ဝမ်းသာ ပီတိ ဖြစ်ရပေလိမ့်မည်။

Don Jaun

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Ecency