Fly Hive (High)

ခုတလော YouTube မှာ camping ထွက်တဲ့ viedo တွေ အတော်လေး ကြည့်ဖြစ်၏။ solo ဘယ်နှယ်ရက် အစရှိသဖြင့်ပေါ့။ (single မလို့ ရွေးကြည့်တာမျိုး မဟုတ်ပေ။ video အများစုကကို တယောက်ထဲတွေ ချည်းပင် ဖြစ်နေ၏။ ကျနော် အားငယ် မစိုးသဖြင့် YouTube ကပဲ တမင် solo camping တွေ ရွေးပေးလေသလားတော့ မသိပေ။) ကားဖြင့်၊ ကိုယ်ပိုင် camp တဲ ဖြင့်၊ ဘာတဲမှ မပါဘဲ camp စခန်းချမည့် နေရာရောက်မှ နေစရာ အိပ်စရာ လုပ်ခြင်း အစရှိသဖြင့် အမျိုးမျိုးသော camping များကို ကြည့်ရ၏။ Trekking မသွားရတာလည်း ကြာပြီ ဆိုတော့ ထို video များကိုသာ ကြည့်ရင်း ရသေ့ စိတ်ဖြေ နေရတော့၏။

ခေတ်ပြန်ကောင်းလျင်တော့ Trekking တွေ ပြန်သွားမည်။ ပြီး camping လည်း ထွက်ဦးမည်။ ဒါတွေ လုပ်နိုင်ဖို့ Hive လေးတော့ အထိုက်အလျောက် စျေးကောင်းနေဖို့ လို၏။ လုပ်ချင်တာတွေ လုပ်နိုင်ဖို့ ကိုယ့်မှာ လုပ်နိုင်လောက်သည့် အင်အားမျိုးတော့ ရှိနေဖို့ လိုသည် မဟုတ်လား။ Hive တခုထဲကိုပဲ ကြည့်နေ မျှော်နေလို့တော့ မဖြစ်သေး။ အခြား အရာ တခုခုကိုလည်း လုပ်ဖို့တော့ လို၏။

ဒီကာလကြီးမှာ စာသင်ဖို့ကလည်း စိတ်မပါနေပေ။ ကျနော် စာ မသင် ဖြစ်တာ နှစ်ပေါက်လို့ သွားခဲ့ပြီ။ ကြင်စိုးတို့ စပြီး အရူးထ ကတည်းက ဆိုပါတော့။ LOA မှာ moderator အဖြစ် လုပ်ခဲ့ပေမယ့် ယခု အခါမှာတော့ volunteer အဖြစ်သာ ကျန်ရှိတော့၏။ လစာ မပေး၊ မရတာတော့ ကြာခဲ့ပြီ။ project ဆက် run ဖြစ်နေဖို့ပဲ မျှော်လင့် ဆုတောင်း နေရတော့၏။ ကိုယ်က အများကြီး ရင်းနှီးမြုပ်နှံ ထားခြင်း မရှိပေမယ့် အခြား အများကြီး ရင်းနှီးမြုပ်နှံ ထားသူတွေ ရှိသေးသည် မဟုတ်လား၊ နည်းနည်း များများ ပိုက်ဆံက ပိုက်ဆံပင်။ အလကားရထားတာ မဟုတ် မိမိ အချိန် လုပ်အားတွေ ပေးပြီးမှ ရလာသည့် ပိုက်ဆံပင် မဟုတ်လား။

မနှစ်က မကောင်းခဲ့သည့် crypto လောကလည်း ယခုအချိန်မှာတော့ ပြန်လည်ပြီး ဦးမော့လာတော့မယ် ထင်ပါ၏။ Hive စျေးတောင် မနေ့ကထက်စာရင် တက်ယောင်လေး ပြလာ၊ ရှိလာပြီ မဟုတ်လား။ ထပ်ကျမှာမလို့ ခဏ တက်ပြတာမျိုး မဟုတ်ဘဲ တကယ် တက်မှာ မလို့ တကယ် တကယ် တက်တာမျိုးပဲ လိုချင်မိပါ၏။ Hive ရေ ဆက်လက် ပြန်သန်းလိုက်ရအောင်။

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency