Bonus

ဒုက္ခ ဆိုတဲ့ အမျိုးက လာရင် အဖော်အပေါင်း နဲ့ ဆိုပဲ။ နာမကျန်းဖြစ်ခြင်းကို ဒုက္ခဟု သတ်မှတ်ပါက ထိုအဆို မှန်သည်ဟု ထောက်ခံ ရပေလိမ့်မည်။ Heat stroke ကြောင့် လူက အားအင်ကုန်ခမ်း နွမ်းနယ် ခဲ့ရ၏။ နှာစေး ချောင်းဆိုးကလည်း ဖြစ်လိုက်သေး၏။ ဆေးတွေ သောက်၊ ဓါတ်ဆားရည်တွေ သောက်ပြီး အနားယူတာတွေ ဘာတွေ လုပ်လိုက်ရ၏။ အပူရှပ်မှုကနေ သက်သာခါစ ရှိသေး (ကန်တော့) ဝမ်းပျက်၊ ဝမ်းလျှော ထဖြစ်လေ၏။

ဘာများ အစားမှားလေ သနည်းဟု အဖြေလိုက်ရှာမိ၏။ အဖြေ မတွေ့ပေ။ နာလန်ထ တော့မလားဆိုခါမှ တဖန်ပြန်၍ အထောင်းခံရသည့် အလားပင်။ မဖြစ်ရင်လည်း မဖြစ်ဘူး။ အေး ဖြစ်ပြီဆိုရင်လည်း ခုလိုပဲဟု ပြောရမည်ထင်။ ဆေးပြောင်း သောက်ရ၏။ ဓါတ်ဆားရေကတော့ ပင်တိုင်ပေါ့။

အလုပ် မရှိ ကြောင်ရေချိုး မဟုတ်ဘဲ အလုပ် မရှိ နေမကောင်း ဖြစ်ဟု ပြောရမည်ထင်။ ပျောက်ပြီ ကောင်းပြီ ထင်နေပြီးခါမှ နောက်တကြိမ် လာသည့် မုန်တိုင်း အလားပင်။ ဆေးဝါး ဘာညာ သောက်ရင်း ထပ်ပြီး မရှည်ကြာဖို့ မျှော်လင့်ရလေ၏။

လူက နေမကောင်းရသည့် ကြားထဲ ဒီရက်ပိုင်း ရာသီဥတုကလည်း အတော်လေးကို ပူလှ၏။ ထူးထူးဆန်းဆန်း ဒီနေ့ နေ့ခင်းမှာ မိုးတွေဘာတွေထ ရွာလိုက်တော့ ပျော်မိ၏။ သို့ပေမယ့် အပျော်က ခဏသာ ခံ၏။ မိုးက လက်တဖြောက်စာလောက်လေးသာ ရွာ၏။ ထို့နောက် ပူမြဲအတိုင်း ပူလေ၏။ နေလို့က မကောင်းသည့် ကြားထဲ ရာသီဥတုကပါ ပူဆိုတော့ ဘာပြော ကောင်းမလဲ အတော်လေး နေရထိုင်ရ ခက်လေတော့၏။

တောင်ပေါ် ဒေသတွေတောင် 30 Degree Celsius လောက် ဖြစ်နေတာ အလယ်ပိုင်း ဒေသတွေဆို ပိုလို့ပင် ဆိုးမည် ထင်။ အအေးကြိုက်သူ ကျနော့်အဖို့မှာကား ယခု အပူက အတော်လေး နေရထိုင်ရ ခက်စေတော့၏။ ပူရသည့် ကြားထဲ နေထိုင်မကောင်းဖြစ် ‌သက်သာလာခါမှ ဝမ်းက ထလျှောနဲ့ တယောက်ထဲကို အတော်လေး အကွက်ကျ နေ၏။ ကျန်းမာရေး၏ အရေးကြီးပုံကို မကျန်းမာမှသာ ပိုပြီး သိရ၊ သတိထားမိတတ်သည် မဟုတ်လား။

အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါ။

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency