ဘွန်ဇိုင်း

လမ်းတွေက မဆုံးဘူး
လူတွေပဲ ဆုံးဆုံးသွားတာ
ဘယ်ပဲ ကွေ့ကွေ့
ညာပဲ ကွေ့ကွေ့
ဒါမှမဟုတ် တည့်တည့်ပဲသွားဦး
အို... ယုတ်စွအဆုံး နောက်ပဲ ပြန်ချင်ဦး

ဘယ်လောက်ပင်
အကွေ့အကောက် အခက်အခဲ များများ
အချစ်မှာပဲ လမ်းဆုံးချင်

လမ်းချင်းတူလို့ လူချင်းဆုံတာတဲ့
ဟင့်အင်း...
ဒီ အသက်အရွယ် ရောက်မှတော့
နှလုံးသားချင်း ထပ်တူကျသူနဲ့ပဲ ဆုံချင်မိ
အဲ့လိုမှ မဟုတ်ရင်တော့ မဆုံချင်
ခဏတာ အတွက်
ကိုယ်ဟာ ဘယ်တော့မှ အသား မကျခဲ့

အချစ်ဆိုတာ
လူကြုံပါး လမ်းကြုံလိုက်
အဲ့လိုတွေမှ မဟုတ်ဘဲ
သီးသီးသန့်သန့်
တဦးထဲ တယောက်ထဲ အတွက်
ရည်ရွယ် ထားတာမျိုးမှ

ချစ်ရင် ချစ်တယ် ပြော
မချစ်ရင်လည်း မချစ်ဘူးလို့ ရဲရဲ ပြော

ရဲရင် မင်းဖြစ်
ကြောက်ရင် လွဲတဲ့
ငါ ကြောက်တာဆိုလို့ မင်းနဲ့ လွဲမှာကိုပဲ

ဘုရားတွေ အဆူဆူ ပွင့်ခဲ့ပြီးပြီ
ငါတို့လည်း အကြိမ်ကြိမ် လွဲခဲ့ပြီးပြီ
ဒီကမ္ဘာရဲ့ နောက်ဆုံး ဘုရားမှာတော့
ငါတို့ အတူ ဆုံချင်သေးတယ်

ခု ခေတ်စားနေတဲ့ စကားလေးလိုပေါ့
လမ်းထိပ် မုန့်ဟင်းခါး ဆိုင်ကနေ
နိဗ္ဗာန် အထိ မင်းနဲ့ အတူ သွားချင်သား
မင်းသာ သွားခွင့် ပြုမယ် ဆိုရင်ပေါ့လေ

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency