15 th Times blood Donations

ကျေးဇူးပါ
..... ..... .....

အဆင်ပြေလား
မူးနေလား

ဟင့်အင်း...
ကျနော်က အချစ်မူးပဲ မူးတာ
ဆရာမ များများ ဂရုစိုက်လေ
ကျနော် ပိုပို မူးလေပဲ

သွေးကြောကို တချက်ထဲနဲ့
ရှာတွေ့ ပေမယ့်
ကျနော့် ရင်ထဲက အချစ်တွေကိုကော
တကြိမ်ထဲနဲ့ မြင်ပါ့မလားလို့
တွေးတော့ ပူမိသား

လှဲနေရာကနေ ဖြည်းဖြည်း ထဖို့ နဲ့
ဘယ်လိုနေလဲ အဆင်ပြေလား
တတွတ်တွတ်နဲ့ မေးရှာသား
မတ်တပ်ရပ်တော့
လက်မောင်းကို လာလှမ်းထိန်းပေးတယ်

သွေးလှူခဲ့တဲ့ သက်တမ်း တလျောက်
ပထမဆုံးကြိမ် အဖြစ်
ယိမ်းထိုး ပစ်လှဲ လိုက်ချင်စိတ်တွေတောင်
ပေါက်သွားတယ်

နက်ဖြန်ပါ လာထပ် လှူလို့ရအောင်
ပြက္ခဒိန်ကို (၄) လစာ ကျော်လိုက်ချင်သား

အခန်းပေါက်ဝထိ လိုက်ပို့ပေးပြီး
စကားဝဲဝဲ အသံချိုချိုလေးနဲ့ ပြောတယ်
"သွေးလှူ ပေးလို့ ကျေးဇူးပါ နော်"

(ဒီနေ့ ၁၅ ကြိမ်မြောက် သွေးလှူ ဒါန်း ဖြစ်ခဲ့ပါတယ်။ မှတ်ထားချင်လို့ ပိုစ့်လေး တင်လိုက်ရပါတယ်)

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency