ရောက်တက်ရာရာ ရိုက်မိရိုက်ရာ

အားလုံးသော Hive myanmar အဖွဲ့သားများ ကိုယ်၏ ကျန်းမာခြင်း ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ။

ဒီနေ့အတွက် စိတ်၏ ချမ်းသာခြင်းတော့ အပြည့်အ၀ ရှိနိုင်ကြလိမ့်မည်မဟုတ်ပါ။ လူတစ်စု၏ အာဏာ ရယူခဲ့သော ၂နှစ် ပြည့် သည့်နေ့ဖြစ်နေတာမို့ပါ။ ဒီနေ့မှာ အသံတိတ်သပိတ် လို့ ကြေငြာထားကြပါတယ်။မြို့နယ် အတော်များများ မှာ အသံတိတ် သပိတ် ကျင်းပကြမှာ ဖြစ်ပါတယ်။

ကျနော်တို့မြို့ကတော့ ဒလန်မြို့လို့ နာမည်ကြီးပါတယ်။ အရေးအခင်း ဖြစ်ချိန်မှာ ဆန္ဒပြပွဲများရှိခဲ့ပြီး အချို့နေရာများဗုံးပေါက်ကွဲပေမယ့် ကြီးကြီးမားမား တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။ အနီး အနား ၀န်းကျင် မြို့တွေမှာပေါ့ အတော် တိုက်ပွဲပြင်းထန်ကြပါတယ်။ရေး သံဖြူဇရပ် နှင့် ကြာအင်းဆိပ်ကြီးဘက်မှာ တိုက်ပွဲများရှိနေပြီး ခေါင်းပေါ်မှာ နေ့စဥ် ရဟတ်ယာဥ် စစ်လေယာဥ်အချို့ ပျံသန်းနေကြပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှု ၂ နှစ်အပြည့်မှာ မနေ့ကတော့ ကာလုံစည်းဝေးခေါ်ပြီး တိုင်ပင်ကြတယ်လို့ပဲသိရပါတယ်။ပုံမှန် ၂နှစ် ထိန်းသိမ်းခွင့်ပြည့်ပြီးတဲ့ နောက်မှာတော့ အာဏာ ဆက်လက်ရယူနိုင်ရေး အတွက် ဘယ်လို ဘယ်ပုံကြိုးစားကြမယ်တော့ မသိရသေးပါဘူး။


သိပ်မကြာခင်အချိန်မှာလည်း အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ပြီး အာဏာကို ခေါင်းစဥ်ပြောင်းရယူဖို့ ကြိုးစားနေတာကိုလည်းအားလုံး အသိပဲဖြစ်ပါတယ်။ လောလောဆယ် နေရာအချို့မှာ သန်းကောင်စာရင်းကောက်ယူခြင်းများ ပြုလုပ်နေပြီးပြည်သူ့ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ရွေးကောက်ပွဲမှာ မပါ၀င်ကြဖို့ လှုံ့ဆော်ထားကြပါတယ်။

မြန်မာပြည်ရဲ့ အနာဂတ်က ဘယ်လို ရှေ့ဆက်ရမလည်းဆိုတာ စဥ်းစားလို့မရနိုင်သေးပါဘူး။ ဓာတ်ပုံများကတော့ ရိုက်မိရိုက်ရာ ကျောင်း၀င်းထဲက ငှက်ပျောပင်နဲ့ ငှက်ပျောသီး ပုံကိုပဲ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံသား အားလုံး ဘေးရန်ကင်းကွာ ကျန်းမာကြပါစေခင်ဗျာ။

@callmemaungthan

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency