Hive blog နှင့် ကောက်ရိုးလေးတစ်မျှင်

HIVE MYANMAR အဖွဲ့၀င်များအားလုံး ကိုယ်ကျန်းမာ ဘေးကင်းကွာ ရှိကြပါစေလို့ ဦးစွာ ပထမ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ။ အခုလို အချိန်မှာ Hive Myanmar အဖွဲ့၀င်အားလုံးကို စုံစုံညီညီ တွေ့ရှိနေရတဲ့အတွက်လည်း တစ်မျိုး စိတ်အေးရပါတယ်။

မိမိအနေနဲ့ ပုံမှန်ဆိုရင် တစ်နေ့ကို Post ၂ ခု ကြိုးစားပြီး တင်လေ့ရှိပေမယ့် ဒီရက်ပိုင်း စိတ်တွေလေးလံနေတာ စိတ်မပါတာနဲ့ ပျက်ကွက်နေခဲ့မိပါတယ်။ Dbuzz မှ ပုံတိုပတ်စ လေးများကိုသာ ဖိတင်ဖြစ်ပါတယ်။

အားလုံး သိရှိပြီးဖြစ်သည့်အတိုင်း ယနေ့ USD စျေးမှာ 1USD လျှင် မြန်မာကျပ်ငွေ 2700 Kys အထိ ရောက်ရှိခဲ့ပြီး ရွှေစျေးမှာ 22 သိန်းကိုကျော်လွန်လာခဲ့ပြီးဖြစ်ပါတယ်။ ယခင်က 1 USD လျှင် 1350 Kys တွင် မြန်မာငွေ 4သိန်း ၀င်ငွေရှိသူသည် ယခုအခါ 2 သိန်းခန့် တန်ဖိုးရှိသော မြန်မာကျပ်ငွေ 4သိန်းသာရရှိတော့မည်ဖြစ်ပါသည်။ အရေအတွက် တူညီသော်လည်း တန်ဖိုးမှာ ထက်၀က်ခန့် ကွာခြားသွားခဲ့ပါပြီ။ 95 တစ်လီတာလျှင်700kys ၀န်းကျင်မှ 1450 Kys နှင့် ခြောက်ဆွဲခြောက် တစ်ထုပ် လျှင်200 Kys မှ 450 Kys ထိပင် ရောက်ရှိခဲ့ပါပြီ။ စိတ်ညစ်စေရန် တွက်ချက်ပြခြင်း မဟုတ်ပဲ မြန်မာငွေကြေး၏ ဆိုးဝါးစွာ တန်ဖိုးကျဆင်းလာသည်ကို သတိချပ်မိစေရန်သာဖြစ်ပါသည်။

ထိုအချိန်တွင် မိမိ တို့သည် Hive Blog ကဲ့သို့သော Social Media Platform တစ်ခု၌ ရောက်ရှိနေသည်မှာ အင်မတန် ကံကောင်းလှပါသည်။ ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်ဟုပင် တင်စား လိုက်ချင်ပါသည်။ ယခုအချိန် 1 Hive =0.56 $ ခန့် စျေးနှုန်းဖြင့် တွက်ချက်လျှင်ပင် တစ်နေ့ 2 Hive ရရှိသူသည် မြန်မာငွေ 2500Kys ကျော်ရရှိသည်ပင်။ ထိုထက်ပို၍ ရရှိသူများကတော့ ဆိုဖွယ်မရှိပေ။ မိိမိသည်လည်း ဤ Platform သို့ရောက်ရှိခဲ့ခြင်းသည် ကံကောင်းမှုတစ်ခုနှင့် အတူ တမူထူးခြားသော ကြိုးစားရန်အခွင့်အရေး တစ်ရပ်ကိုရရှိပိုင်ဆိုင်လိုက်ရခြင်းပင်ဖြစ်သည်ဟု ခံယူမိပါသည်။ ထိုအခွင့်အလမ်းအား မိတ်ဆက် ခေါ်ဆောင်ပေးပါသော ကိုဒွန် @donjuan အား အထူးကျေးဇူးတင်ရှိပါသည်။ ကိုဒွန်နှင့်အတူ မိမိသိရှိလိုသမျှကို မေးမြန်းသမျှ ကို စိတ်ရှည်ရှည် ထားပြီး စေတနာ အပြည့်ဖြင့် ရှင်းပြ သင်ပြပေးခဲ့သော ကို@tin.aung.soe အားလည်း ထပ်လောင်းကျေးဇူးတင်ရှိပါသည်။

မိမိအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်တကွ မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းလာခြင်းနှင့်အတူ ထက်ကြပ်မကွာလိုက်ပါလာသော ကုန်စျေးနှုန်းကြီးမြင့်လာမှုအား ရင်ဆိုင်နိုင်ရန်အတွက် Hive blog သည်သာ အားကိုးရတော့မည်ဖြစ်ပါသည်။ ပိုမိုကောင်းမွန်ပြည့်စုံသော Content များကို ဖန်တီးရင်း Hive blog မှတစ်ဆင့် ၀င်ငွေပိုတိုးပွားရန် ကြိုးစားရတော့မည်ဖြစ်ပါသည်။ ထိုအခြေအနေတွင် အင်တာနက် ပြတ်တောက်မှု မဖြစ်ပွားမကြုံတွေ့ ရရန်မှာလည်းအရေးကြီးပါသည်။ မိမိတို့သည် အင်တာနက်မရှိလျှင် ကျည်မရှိသော သေနတ်များကဲ့သို့ တုတ်ကောက်မျှပင် အသုံးမ၀င် ဖြစ်ရပါလိမ့်မည်။

နောက်တစ်ချက်မှာ ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့်အတူ မီတာအခွန်များ တိုးမြင့်ခြင်း ၊ Wifi လစဥ်ကြေး တိုးမြှင့်လာနိုင်ခြင်း ၊ Mobile data package များ တိုးမြှင့်လာခြင်းများ ကိုလည်း ရင်ဆိုင်ရရန် ရှိနေပြီဖြစ်ပါသည်။ ဘယ်လိုပင်ဖြစ်ဖြစ် မိမိတို့အနေဖြင့် Hive Platform တွင် ပုံမှန်စာရေးသားရင်း Hive & HBD များ စုဆောင်းရင်း ကြုံလာသမျှ ပြုံးပြရင်ဆိုင်ရန် ပင် ။

img_0.27586541520908836.jpg

အချိန်ပေးပြီး ဖတ်ရှုသူ ချစ်မိတ်ဆွေအပေါင်း ကာယစိတ္တ သုခအဖြာဖြာ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

လေးစားစွာဖြင့်
သန်းနိုင်စိုး
29.Sep.2021

H2
H3
H4
3 columns
2 columns
1 column
34 Comments
Ecency