ပျော်နေပေမဲ့ တစ်ဖက်မှာတော့ ငိုနေကြတယ်

မိုးမရွာတာကြာခဲ့ပေမဲ့ ခုဆို မိုးရွာခဲ့တာ လေးရက်ရှိနေပီ။ ဒီနေ့တော့ မိုးတွေအုံ့ဆိုင်းလို့ဘ‌ေကာင်ကင်ပြင်ကိုကြည့်မိ‌‌ တော့ ကြယ်တာရာလေး တစ်လုံးက လမင်းအထက်မှိာ ဝင်းစွာညတောက်ပနေရဲ့။ မိုးမျှော်နေကြသူတွေ အတွက်ကတော့ အတော်ပင်ပျော်ကြမည်ထင်သည်။ မိုးလုံလေလုံ နေကြသူတွေအတံက်တော့ မိုးဆိုတာ အချိန်တန် တိတ်တယ်ဆိုပီး ထင်ကြပေမည်။ မိုးလုံ လေလုံ မနေရသေးတဲ့သူလေးတွေတော့ ခုချိန်ဆို ဘယ်လိုများနေလဲ မသိ။

ကောင်ကင်ပြင်ကိုသာ ငေးကြည့်ရင်း ရွာတော့မဲ့ မိုးတိမ်တွေကြည့်ရင်း သက်ပြင်းတွေ အခါခါချလို့ပေါ့။ မိုးတွေ အုံ့ဆိုင်းနေရင်း ကောင်းကင်မှာ ကြယ်တာရာလေးတစ်လုံး လမင်းနဲ့အပေါ်မှာ ဝင်းလက်စွာ လှနေပါရဲ့။ အာလုံးအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာခဲ့ပါတဲ့ အတိတ်နမိတ်လေးပဲဖြစ်ပါစေလေ။

တစ်ချို့အရပ်ဒေသမှာတော့ လေတွေ မိုးတွေကြမ်းတဲ့အပြင် မိုးသီးတွေပါကြ သတဲ့။ မိုးလုံ လေလုံ နေခဲ့ကြပီး ခုချိန်ကိုယ်ပိုင်ဆိုင်တဲ့အရာကို စွတ်လွတ်ပီး မိုးထဲလေထဲ မပျော်ပေမဲ့ ပျော်အောင်နေကြရတဲ့ ဘဝတွေလည်းရှိတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ အေးချမ်းစွာ နေခဲ့ရပေမဲ့းးးးး။အော် ခုလိုချိန်များ ဘယ်သူထင်မိမှာလဲ။ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်နေရာလေးမှာပဲ ကိုယ့်အိမ့် မရှိတော့လို့ တဲလေးထိုးနေကြရတဲ့ အဖြစ်ကို။ ဘယ်သူတွေ စာနာပါတယ်ပြောလည်း ကြုံဖူးခံစားရဖူးတဲ့ အဲ့လိုတွေ ထိတော့မှီမယ် မထင်။ မိုးရွာလို့ ပျော်နေပေမဲ့ တစ်ဖက်မှာ ငိုနေသူတဲ့ ရှိတာ မမေ့ပါဘူး မိုးရယ်းးးးးး။

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency